Latest News

Wednesday, October 11, 2017

ဒေါ်အောင်ဆန်းစုကြည် ရခိုင်အရေးနှင့်ပတ်သက်၍ ယနေ့ည ၈ နာရီ မိန့်ခွန်းပြောကြားမည်

ဒေါ်အောင်ဆန်းစုကြည် ရခိုင်အရေးနှင့်ပတ်သက်၍ ယနေ့ည ၈ နာရီ မိန့်ခွန်းပြောကြားမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိရခိုင်ပြည် နယ်အရေးနှင့်ပတ်သက်၍ ယနေ့ (အောက်တို ဘာ ၁၂ ရက်) ည ၈ နာရီတွင် ပြည်သူလူထုအား  မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြား သည်။

‘‘မနက်ဖြန်ညကျရင် တိုင်း ပြည်ကို သူ (ဒေါ်အောင်ဆန်းစု ကြည်) စကားထွက်ပြောမယ်။ မနက်ဖြန် ည ၈ နာရီ အသေးစိတ် ပြောမယ်။ သူဘာပြောမလဲဆိုတာ မသိရဘူး။ မိန့်ခွန်းက သူကိုယ်တိုင်ပြောမှာ’’ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အောက်တိုဘာ ၁၁ ရက်ညတွင် 7Day Daily သတင်းစာအား ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် ဒုက္ခရောက်နေသူအားလုံး ကို ခွဲခြားမှုမရှိဘဲ လူသားချင်းစာ နာကူညီထောက်ပံ့မှုများကို ပြည် သူလူထုတစ်ရပ်လုံး ပါဝင်သည့် ရှေ့ပြေးစီမံချက်တစ်ရပ်အဖြစ် အ ကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းအစီအစဉ်ကို အောက်တို ဘာ ၁၆ ရက်တွင် စတင်မည်ဟု ဒေါက်တာဝင်းမြတ်အေးက ဆက် လက်ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း လူ သားချင်းစာနာထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ကူညီမှုများ ထိ ရောက်စွာ ပေးအပ်နိုင်ရေး၊ ပြန် လည်နေရာချထားရေးနှင့် ပြန် လည်ထူထောင်ရေး၊ ရေရှည်ဒေ သဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအ နက် ဦးစားပေးလုပ်ငန်းများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၁ ရက်တွင် ချမှတ်ပေးခဲ့သည်။

 ရခိုင်ပြည်နယ်ဆိုင်ရာ ညှိ နှိုင်းအစည်းအဝေးကို အောက်တို ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် နေ ပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗ ဟိုဌာန (NRPC) ၌ ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ယင်းသို့ လမ်းညွှန်ခဲ့ခြင်းဖြစ် သည်။

အဆိုပါရခိုင်ပြည်နယ်ဆိုင် ရာ ညှိနှိုင်းအစည်းအဝေးတွင်ပြည် ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ် စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ် ချုပ်ကြီးရဲအောင်၊ နိုင်ငံတော်အ တိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့် ဆွေ၊ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီး သူရဦးအောင်ကို၊ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်သူ၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်၊ လူကယ်ပြန်ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးခင်မောင်တင်၊ ဦး ကျော်မျိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

7Day News Journal

No comments:

Post a Comment