မြောက်ကိုရီးယားသည် ရုရှားမှတစ်ဆင့် ပြင်ပကမ္ဘာသို့ ဒုတိယမြောက်အင်တာနက်ချိတ်ဆက်မှုပြုလုပ်ခဲ့
မော်စကို အောက်တိုဘာ ၃
မြောက်ကိုရီးယားသည် ရုရှားမှတစ်ဆင့် ပြင်ပကမ္ဘာသို့ ဒုတိယမြောက် အင်တာ နက် ချိတ်ဆက်မှုပြုလုပ်ခဲ့ပြီး ထိုသို့ ပြုလုပ်ခဲ့မှုကြောင့် ဆိုက်ဘာကျွမ်းကျင် သူများက မြောက်ကိုရီးယားသည် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်လာနိုင်ြေ ကာင်း ထင်ကြေးပေးလျက်ရှိသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့ သည်။
မကြာသေးမီက ဘဏ်များနှင့် ဆိုနီကုမ္ပဏီတို့ကို ဦးတည်တိုက်ခိုက်ခဲ့ သော အဓိကဆိုက်ဘာတိုက်ခိုက်မှုများအတွက် အနောက်အစိုးရက မြောက် ကိုရီးယားကို ပြစ်တင်လျက်ရှိသည်။ သို့သော်လည်း မြောက်ကိုရီးယားက အဆိုပါကိစ္စများတွင် ပါဝင်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ကဲ့သို့သော ခြိမ်းခြောက်မှုများအပြန် အလှန်ပြုလုပ်ခဲ့ခြင်းနှင့် မြောက်ကိုရီးယား ၏နျူကလီးယားဒုံးကျည် ဖွံ့ဖြိုးမှုအစီ အစဉ်များအပေါ် စော်ကားမော်ကားပြု မူပြောဆိုမှုတို့ကြောင့် မကြာသေးမီရက် သတ္တပတ်များအတွင်း နှစ်နိုင်ငံတင်းမာမှုများမြင့်တက်လာခဲ့မှုကြောင့် သံတမန် ညှိနှိုင်းမှုများ ပြုလုပ်စေသည်အထိဖြစ် လာခဲ့သလို ပိတ်ဆို့မှုအသစ်များလည်း ပြုလုပ်ရန်အထိ ဖြစ်လာခဲ့သည်။
ရုရှားဆက်သွယ်ရေးကုမ္ပဏီ ထရန်း တယ်လီကွန်းသည် မြောက်ကိုရီးယားနှင့် ဂရင်းနစ်စံတော်ချိန် ဝ၉ဝ၈ အချိန် ကတည်းက ဆက်သွယ်မှုပြုလုပ်ခဲ့ ကြောင်း အပြည်ပြည်ဆိုင်ရာ အင်တာ နက်စီးဆင်းမှုကို စောင့်ကြည့်နေသော ဒိုင်သုတေသနအဖွဲ့က ပြောခဲ့သည်။
လွန်ခဲ့သော ၂ဝ၁ဝ ပြည့်နှစ်က အင်တာနက်စီးဆင်းမှုကို တရုတ်ယူနီ ကွန်းက ကိုင်တွယ်ထိန်းချုပ်ခဲ့သော်လည်း ယခုအခါတွင် ထရန်းတယ်လီကွန်းက မြောက်ကိုရီးယား၏အင်တာနက်စီးဆင်း မှုကို ၆ဝ ရာခိုင်နှုန်းခန့် ကိုင်တွယ်ခဲ့ရာ တရုတ် ယူနီကွန်းက ယခုအခါတွင် ကျန်ရှိသော အင်တာနက်စီးဆင်းမှု ၄ဝ ရာခိုင်နှုန်းကို ကိုင်တွယ်နိုင်ခဲ့ကြောင်း ဒိုင်သုတေသနအဖွဲ့ က ပြောခဲ့သည်။
သို့သော်လည်း ထရန်းတယ်လီကွန်း က မြောက်ကိုရီးယားအစိုးရနှင့်သက် ဆိုင်သော အင်တာနက်စီးဆင်းမှုများကို အတည်ပြုရန် ငြင်းဆိုခဲ့သည်။ ထရန်း တယ်လီကွန်းအနေဖြင့် သမိုင်းအစဉ် အလာအားဖြင့် မြောက်ကိုရီးယားနှင့် ၂ဝဝ၉ ခုနှစ်တွင်ရေးထိုးခဲ့သော သဘော တူညီချက်အရ ပင်မချိတ်ဆက်မှုရှိခဲ့ ကြောင်း သိရသည်။
မြောက်ကိုရီးယား၏ အင်တာနက် အသုံးပြုနိုင်မှုသည် ကန့်သတ်ချက်ရှိ ကြောင်း၊ သို့သော်လည်း အင်တာနက် ဆက်သွယ်မှုပေါင်း ၁ဝဝဝကျော်ရှိသည့် အတွက် ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ရန် ညှိနှိုင်းလုပ်ဆောင်၍ ရနိုင်ကြောင်းဖား ရားအိုင်းဆိုက်ဘာလုံခြုံရေးကုမ္ပဏီ အာရှ -ပစိဖိတ်ဒေသဆိုင်ရာ နည်းပညာအရာရှိ ချုပ်ဘရိုင်စီဘိုလန်က ပြောခဲ့သည်။
ရုရှားတို့၏အင်တာနက်ဆက်သွယ် မှုသည် မြောက်ကိုရီးယားကို အနာဂတ် တွင် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်လာအောင် စွမ်းဆောင်ပေးလိမ့်မည် ဖြစ်ကြောင်း ဘိုလန်က ထပ်မံပြောကြားခဲ့သည်။
အမေရိကန်ဆိုက်ဘာထိန်းချုပ်ရေး ဌာနက မြောက်ကိုရီးယားဟက်ကာ သမားတို့၏ အင်တာနက်အသုံးပြုတိုက် ခိုက်နိုင်မှုများကို တားဆီးရန် ဆောင်ရွက် နေကြောင်း ဝါရှင်တန်ပို့စ်သတင်းစာ၌ ဖော်ပြခဲ့သည်။
မြန်မာ့အလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment