Latest News

Monday, October 9, 2017

နျူကလီးယားလက်နက်သည် အဖိုးတန်အသီးအပွင့်ဖြစ်ဟု ကင်ဂျုံအန်း ပြော

နျူကလီးယားလက်နက်သည် အဖိုးတန်အသီးအပွင့်ဖြစ်ဟု ကင်ဂျုံအန်းြြေြေေ
ပာ

အမေရိကန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ နျူကလီးယားလက်နက်ဟာ အဖိုးတန် အသီးအပွင့်ဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပါတီခေါင်းဆောင်တွေနဲ့ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အောက်တိုဘာ ၇ ရက်က ကျင်းပပြုလုပ်တဲ့ သတ္တမအကြိမ်မြောက် အလုပ်သမားပါတီ ဗဟိုကော်မတီ အစည်းအဝေးရဲ့ ဒုတိယမြောက် စုံညီအစည်းအဝေးမှာ အဲဒီလို ပြောကြားခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် ရုပ်မြင်သံကြားက ကြေညာခဲ့တာပါ။

မြောက်ကိုရီးယား အစိုးရပိုင်ရုပ်သံ ကေအာတီဟာ အောက်တိုဘာ ၈ ရက်က အလုပ်သမားပါတီ စုံညီအစည်းအဝေးမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ကင်ဂျုံအန်းရဲ့ ဓာတ်ပုံတွေကိုလည်း ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဒီစုံညီအစည်းအဝေးဟာ အောက်တိုဘာ ၁၀ ရက်မှာ ကျရောက်မယ့် အလုပ်သမားပါတီ စတင်တည်ထောင်ခြင်း အထိမ်းအမှတ်ပွဲ မတိုင်မီ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment