Latest News

Monday, October 9, 2017

နိုင်ငံရေးလုပ်စားချင်လို့မဟုတ်ဘဲ ဒီမိုကရေစီအုပ်မြစ်ခိုင်မြဲရန် လုပ်နေဟု ကရင်ဝန်ကြီးချုပ်ပြော

နိုင်ငံရေးလုပ်စားချင်လို့မဟုတ်ဘဲ ဒီမိုကရေစီအုပ်မြစ်ခိုင်မြဲရန် လုပ်နေဟု ကရင်ဝန်ကြီးချုပ်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ချင်တယ်ဆိုတာ နိုင်ငံရေး လုပ်စားချင်လို့ မဟုတ်ဘဲ မြန်မာ့ဒီမိုကရေစီ အုတ်မြစ်ခိုင်မြဲသွားဖို့နဲ့ နောက်လူငယ်တွေအတွက် ကြိုးစားဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

အောက်တိုဘာ ၉ ရက် မနက်က ဘားအံမြို့ အမှတ် ၄ ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်ရုံးအစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာပါ။

ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေဖြစ်တဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးတွေ၊ဒုတိယအကြိမ် လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင်၊ ကရင်ပြည်နယ် အတွင်းမှ လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်အဖွဲ့ဝင် ၁၀၀ ဦးခန့် တက်ရောက်ပြီး ညီလာခံအတွက် လိုအပ်တာတွေ ပြင်ဆင်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

သတင်း-ဓာတ်ပုံ -ရဲမင်းခေါင်

DVB

No comments:

Post a Comment