Latest News

Wednesday, October 25, 2017

ဖျာပုံမြို့မှ သမိုင်းဝင်ဘုရားများနှင့် ဒေသရိုးရာ ရာမဇာတ်တော်ကြီး


အောင်ဝင်း(ဖျာပုံ)
ဖျာပုံမြေကိုဖိတ်ခေါ်မယ်-တို့အရပ်ဓလေ့ကွယ်
ထမင်းဈေးရဲ့အလှကိုကွယ်-လိုက်လို့ပို့ပါ့မယ်
ပင်လယ်ရနံ့တွေ သင်းထုံလို့ရယ်-ကားလေးစီး လို့ကွယ်
ဖျာပုံမြေ ရောက်အောင်လှမ်းခဲ့
ထူးထူးခြားခြားဖော်ရွေလို့သာရယ်-
ဧည့်ဝတ်ကျေချင်တယ်…
(မွန်စာဆိုတစ်ဦး)
စာရေးသူသည် ဖျာပုံမြို့တွင် အတည်တကျ အခြေချနေထိုင်လာခဲ့သည်မှာ နှစ် ၄ဝ ကျော် ကြာခဲ့ပြီဖြစ်သည်။ ဖျာပုံမြို့သည် ပင်လယ်ပြင်နှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသဖြင့် ပင်လယ် ရနံ့နှင့်အတူ လေပြေလေညှင်းများ ထိတွေ့ခံစား ရသည်။ ဖျာပုံသူ ဖျာပုံသားတို့၏ ရိုးသားမှု၊ ဖော် ရွေခင်မင်မှုတို့ကလည်း ချစ်စဖွယ်ကောင်းလှ သည်ဟု ဆိုချင်ပါသည်။ အထက်ပါ လက်ဆင့် ကမ်းသီဆိုလာခဲ့ကြသည့် သီချင်းအပိုဒ်လေးကို ယနေ့အထိ ဖျာပုံမြို့၌ လူတိုင်းပါးစပ်ဖျားမှာ သီ ဆိုနေကြဆဲဖြစ်သလို လူတိုင်းနားမှာလည်း ကြားယောင်နေဆဲဖြစ်သည်။

ဖျာပုံမြို့ကို မွန်လူမျိုးတို့က ကနဦး အခြေချနေ ထိုင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရ သည်။ ဖျာပုံကို တစ်ချိန်က မွန်တို့အခေါ် ''ဖျာ ပုင်''ဟု အသံထွက်ရပါသည်။ ဖျာမှာ ဈေးဟူ၍ ဖြစ်ပြီး ပုင်မှာ ထမင်းဖြစ်သည်။ ထို့ကြောင့် ဖျာ ပုင်သည် ''ထမင်းဈေး'' ဟူ၍ အဓိပ္ပာယ်ရပါ သည်။
မြန်မာ့သမိုင်းတွင်ကြည့်ပါက မြန်မာနိုင်ငံ၌ မွန်ရိုးရာယဉ်ကျေးမှုများ ထွန်းကားပျံ့နှံ့ခဲ့သည် ကို တွေ့ရသည်။ မွန်တို့သည် မြို့ရွာများ တည် ဆောက်ကြသကဲ့သို့ ဗုဒ္ဓဘာသာ ထွန်းကားပြန့် ပွားစေရေးအတွက် ဘုရား၊ ပုထိုး၊ စေတီ အမြောက် အမြား တည်ထားကိုးကွယ်ခဲ့ကြသည်။ ဖျာပုံမြို့ တွင်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ၄၅ဝ ကျော်က မွန်အမျိုးအနွယ်ဖြစ်သည့် ဟံသာဝတီပြည့်ရှင် သုရှင်တကာရွတ်ပိနှင့် မိဖုရားကြီး တလပရော် သမီတို့ တည်ထားကိုးကွယ်ခဲ့သည့် ကျိုက်ဂမျွမ် ဘွဲ့အမည်ဖြင့် သမိုင်းဝင်စေတီတော်တစ်ဆူ ရှိသည်။ အဓိပ္ပာယ်မှာ ကျိုက်-ဘုရား၊ ဂမျွမ်-အသက်ရှင်သည်ဟု အဓိပ္ပာယ်ရသဖြင့် အသက် ရှိသောဘုရား သို့မဟုတ် သက်လွတ်ချမ်းသာ ဘုရားဟူ၍ ဖြစ်သည်။

ကျိုက်ဂမျွမ်ဘုရားတွင်ဆုတောင်းမည်ဆိုပါ က အသက်ဘေးမှ လွတ်ကင်းချမ်းသာရခြင်း၊ စားရေရိက္ခာ ပြည့်စုံကြခြင်း၊ အြေ>ွခအရံများ လုံလောက်စွာရရှိခြင်း၊ ရောဂါအ္တရာယ်မှစ၍ အတွင်းအပ အ္တရာယ်များ လွတ်မြောက်စေခြင်း နှင့် မိမိတို့လိုရာဆန္ဒကို ထမြောက်အောင်မြင်စွာ ကြံစည်မှုများ ပြည့်စုံစေခြင်း စသည့် ဆုမြတ်ငါး ဖြာ ပြည့်စုံစေကြောင်း အစဉ်အဆက် ယုံကြည်မှု ရှိခဲ့ကြသည်။

မွန်ဘာသာဖြင့် ကျိုက်-ဘုရားဟူ၍ သိရှိရ သည့်အတွက် မြန်မာနိုင်ငံ၏ အရပ်ဒေသအသီး သီးမှ ဘုရားပုထိုးစေတီများ၏ ဘွဲ့အမည်တော် တွင် ကျိုက်ဟူသည့်အခေါ်အဝေါ် သတ်မှတ်ထား ပါက ယေဘုယျအားဖြင့် မွန်တို့တည်ထားကိုး ကွယ်ခဲ့သည့် ဘုရားများဖြစ်နိုင်ကြောင်းလည်း မှတ်ယူနိုင်မည်ဖြစ်ပေသည်။

ဖျာပုံမြို့သို့ လာရောက်သူများအနေဖြင့် ၁၂၄၉ ခုနှစ်က သာဇီရွာ ယခု ဖျာပုံမြို့ (၁၁) ရပ်ကွက်ရှိ ဆုတောင်းပြည့် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးသို့ သွားရောက်ဖူးမြော်စေလို ပါသည်။ သာစည်ဘုရားကြီးကို ဦးညှင်းနှင့်ဦး လူငယ်တို့က ဦးဆောင်ပြီး ရွာသူရွာသားများ စုပေါင်းလုပ်အားဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အပြင်းထန်ဆုံးနှင့် ပျက်စီးမှု အများဆုံး နာဂစ်မုန်တိုင်း တိုက်ခတ်သည့် ညက မဇ္ဈိမဂုဏ်ရည် ဒေါက်တာအရှင်ကောဝိဒ၏ အဓိဋ္ဌာန်အောင်မြင်မှုနှင့် ဖျာပုံမြစ်အတွင်း အသက် အ္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ငါးဖမ်း စက်လှေအသီးသီးတို့မှ ရေလုပ်သားတို့၏ ဆုတောင်းပြည့်ဝပြီး အသက်ဘေးမှ လွတ်ကင်း ခဲ့မှုတို့ကြောင့် နာဂစ်အလွန်တွင် လူ့သတင်းလူ ချင်းဆောင်ဆိုသလို သာစည်ဘုရားကြီးအား လာရောက်ဖူးမြော်ကြည်ညို ဆုတောင်းကြသူ ထူးထူးကဲကဲများပြားလာပြီး နေ့စဉ်မပြတ် စည် ကားလျက်ရှိနေသည်။ တစ်ခေါက်ရောက်ပြီးသူ များအနေဖြင့် သာစည်ဘုရားကြီးသို့ အခေါက် ခေါက်အခါခါ ထပ်မံလာရောက်ဖူးမြော်ဆုတောင်း နေကြသည်မှာ ကာယကံရှင်များမှအပ အခြား သူများ သိရှိနိုင်မည်မဟုတ်ပေ။
အဆိုပါ ဖျာပုံမြို့မှ သမိုင်းဝင် ဘုရားများ၊ မွန် တို့တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းဘုရား များ အများအပြားရှိနေသည့် ဖျာပုံမြို့၌ တန် ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှ ၉ ရက်အထိ ကိုးညတိုင်တိုင်ကပြမည့် ''ရာမဇာတ်တော်'' အကြောင်းကိုလည်း ရေးသားတင်ပြလိုပါသည်။

ဖျာပုံသို့လာရောက်သူများအနေဖြင့် ဘုရားဖူး ရင်းနှင့် တစ်ဆက်တည်းတွင် ရာမဇာတ်တော် ကပြပွဲကို လာရောက်ကြည့်ရှုနိုင်ကြသည်။ ဖျာပုံ ရာမဇာတ်တော်ကို အနာဂတ်ကာလ လူမှုဘဝ တည်ဆောက်ကြရာတွင် စံပြုအတုယူဖွယ်ရာ အဖြစ် ရေးသားကပြကြသည်။

ရာမဇာတ်တော်သည် မြန်မာနိုင်ငံတွင် သာမက အာရှနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ အင်ဒို နီးရှား၊ သီရိလင်္ကာ၊ မလေးရှား၊ လာအို၊ ထိုင်းနှင့် က္ဘောဒီးယားတို့တွင်လည်း ထင်ရှားကျော်ကြား သည့် ဂ္ထဝင်ဇာတ်တော်ကြီးတစ်ခုဖြစ်ပြီး ရာမ ဇာတ်ကို မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု အနုပညာ ပုံစံဖြင့် အမြတ်တနိုး အသိအမှတ်ပြုလက်ခံကာ ကပြနေဆဲဖြစ်သည်။

ဖျာပုံရာမဇာတ်တော်ထဲတွင် အဓိကဇာတ် ဆောင်များအဖြစ် ဘိုးတော်၊ ရာမ၊ လက္ခဏ၊ သီတာ ဒေဝီ၊ ပသျှူးရာမ၊ ဟနုမာန်၊ သုဂျိတ်၊ ဘာလီ၊ ဒဿဂီရိ၊ ဘိဘိသန၊ ဂ္ဘီ စသည်တို့ပါဝင်ကြသည်။ ရာမဇာတ်တော်၌ အဘိုးနှင့်မြေး၊ အစ်ကိုနှင့် ညီ၊ လင်နှင့်မယား၊ မရီးနှင့် မတ်၊ မောင်နှင့်နှမ၊ သား နှင့် အမိ၊ လူနှင့် တိရ္ဆာန်တို့အကြား ဆက်ဆံ ရေး၊ လူ တို့သဘာဝအရ ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာအရပ်ရပ်တို့ကို ကဏ္ဍစုံတင်ပြထားသည့် အတွက် လူမှုဘဝတည်ဆောက်ရာတွင် စံပြု အတုယူဖွယ်ရာများ ဖြစ်သည်သာမက မည်သည့် ခေတ်စနစ်တွင်မျှ မရိုးနိုင်သော ရသစုံလင်လှ သည့် ဇာတ်တော်ကြီးဟု ဆိုချင်ပါသည်။

သင်ခန်းစာယူဖွယ်ရာ ဇာတ်ဆောင်အချို့၏ စံပြစရိုက်လက္ခဏာများကို လေ့လာတင်ပြရ သော် မကောင်းမြစ်တား ကောင်းရာညွှန်း၍ သား အချစ်မြေးအနှစ်ဆိုသည့်အတိုင်း မြေးများအပေါ် အချစ်ပိုသည့် ဘိုးတော်၊ အမျိုးသားကောင်းတို့ ကြန်အင်လက္ခဏာတို့နှင့် ပြီးပြည့်စုံပြီး ဇွဲသတ္တိရှိ ၍ ရိုးသားဖြောင့်မတ်သည့် ရာမ၊ အစ်ကိုနှင့် မရီးအပေါ် သစ္စာရှိပြီး တာဝန်သိတတ်သည့်အပြင် တည်ကြည်ရိုးသားလှသည့် လက္ခဏ၊ လင်သား အပေါ် သစ္စာမြဲလျက် အမျိုးသမီးကောင်းတို့၏ ကြန်အင်လက္ခဏာနှင့်ပြည့်စုံပြီး တွေးခေါ် မြော်မြင် စဉ်းစားဆင်ခြင်တတ်သည့် သီတာဒေဝီ၊ မေတ္တာနှင့်သစ္စာတရားကိုမသိ ကိုယ်ချင်းစာ တရား မထားတတ်ဘဲ မိမိလိုချင် ဖြစ်ချင်သည်ကို သာသိသော တစ်ယူသန် အဓမ္မဝါဒီသမား ဒဿ ဂီရိ၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားလျက် အမှန်တရားကို ဦးတည်ဆောင်ရွက်လိုပြီး ကျေးဇူး သိတတ်သော ဘိဘိသန စသည်ဖြင့် ဇာတ်ဆောင် တစ်ဦးချင်းတို့၏ သရုပ်ဆောင်မှုများက ကြည့်သူ တို့အား ဆွဲဆောင်နိုင်စွမ်းရှိလှပေသည်။

ဖျာပုံမြို့၌ ဖျာပုံရာမဇာတ်တော်ကို နှစ်စဉ် ကပြခဲ့သည်မှာ ယခုအချိန်တွင် နှစ်ပေါင်းအား ဖြင့် ၁၃၈ နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခုနှစ်တွင်လည်း ဖျာပုံမြို့သမိုင်းဝင် ရွှေနတ်ကူ မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင် ပွဲတော်ကြီး၌ ၁၃၉ ကြိမ်မြောက်အဖြစ် ဖျာပုံ ရာမဇာတ်တော်ကြီးကို တန်ဆောင်မုန်းလပြည့် ကျော် ၁ ရက်မှ ၉ ရက်အထိ (နိုဝင်ဘာ ၁၉ ရက် မှ ၂၇ ရက်အထိ)ကိုးရက်ကြာ ကပြမည်ဖြစ်ပါ သည်။
အခြားအနယ်နယ်အရပ်ရပ်တို့တွင် တွေ့ရခဲ မြင်ရခဲလှသည့် ဖျာပုံမြို့က ရာမဇာတ်တော်ကြီး ကို လာရောက်ကြည့်ရှုခံစားရင်း ထူးခြားလေး နက် တန်ခိုးကြီးသည့် ရှေးဟောင်းသမိုင်းဝင် ဘုရားများကိုလည်း ဖူးမြော်ကြည်ညိုနိုင်ကြရန် အတွက် ဖျာပုံရာမဇာတ်တော်ကြီး ကပြမည့်ရက် များအတွင်း ဖျာပုံမြို့သို့ လာရောက်လည်ပတ် နိုင်ကြပါရန် ဖိတ်ခေါ်လိုက်ရပါကြောင်း။ ။
မြန်မာအလင်း


No comments:

Post a Comment