Wednesday, October 25, 2017
သာပေါင်းမြို့နယ်ရှိ အိမ်ခြေနှစ်ထောင်ကျော် တစ်အိမ်သုံးဆိုလာမီးအသုံးပြုနိုင်ပြီ
သာပေါင်း အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တစ်အိမ်သုံး ဆိုလာမီးလင်းရေး ဖွင့်ပွဲအခမ်းအနား ကို ဘုရားကုန်းအုပ်စု ရွာအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ အောက် တိုဘာ ၂ဝ ရက်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်အောင်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး တို့က အမှာစကားပြောကြားကြပြီး Earth Renewable Energy ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးနှင့် မြို့နယ် ကျေးလက်ဦးစီးမှူး ဦးသက်မင်းထွန်း တို့က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြသည်။
သာပေါင်းမြို့နယ်တွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၂ အုပ်စု ကျေးရွာပေါင်း ၃၆ရွာ အိမ်ခြေ စုစုပေါင်း ၂ဝ၇၆ တွင် တစ်အိမ်သုံးဆိုလာမီး တပ်ဆင်ခဲ့ပြီးဖြစ်၍ ဒေသခံပြည်သူများ ဝမ်းသာပျော်ရွှင်နေကြကြောင်း သိရ သည်။
ဝင်းကြိုင်(ပြန်/ဆက်)
Myanmaalinn
သာပေါင်းမြို့နယ်ရှိ အိမ်ခြေနှစ်ထောင်ကျော် တစ်အိမ်သုံးဆိုလာမီးအသုံးပြုနိုင်ပြီ
Reviewed by timeayeyar
on
6:19 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment