Latest News

Tuesday, October 24, 2017

ရန်​ကုန်​တိုင်း​ဒေသကြီး ၀န်​ကြီးချုပ်​ ကိုဆန္ဒမထုတ်​မီပုဒ်​မ၅၀၅(ခ)ဖြင့်​အမှုဖွင့်​ဖမ်းဆီးခံရသည့်​မိုက်​ကယ်​​ကျော်​မြင့်​အားတာ​မွှေမြို့နယ်​တရားရုံးတွင်​ရမန်​ယူ

ရန်​ကုန်​တိုင်း​ဒေသကြီး ၀န်​ကြီးချုပ်​ ကိုဆန္ဒမထုတ်​မီပုဒ်​မ၅၀၅(ခ)ဖြင့်​အမှုဖွင့်​ဖမ်းဆီးခံရသည့်​မိုက်​ကယ်​​ကျော်​မြင့်​အားတာ​မွှေမြို့နယ်​တရားရုံးတွင်​ရမန်​ယူ

ရန်​ကုန်​\​အောက်​တိုဘာ၂၅

ရန်​ကုန်​တိုင်း​ဒေသကြီး ၀န်​ကြီးချုပ်​ ကိုဆန္ဒမထုတ်​​ဖော်​မီပုဒ်​မ၅၀၅(ခ)ဖြင့်​အမှုဖွင့်​ဖမ်းဆီးခံရသည့်​မိုက်​ကယ်​​ကျော်​မြင့်အားတ​မွှေမြို့နယ်​တရားရုံးတွင်​​အောက်​တိုဘာ၂၄ရက်​နံနက်​၉နာရီခွဲတွင်​ရုံးထုတ်​ရမန်​ယူခဲ့ပြီး​နောက်​ရုံးချိန်းအားနိုဝင်​ဘာ၁ရက်​သို့ပြန်​လည်​ချိန်းဆိုခဲ့ကာမိုက်​ကယ်​​ကျော်​မြင့်​အားအင်းစိန်​​ထောင်​သို့ပို့​ဆောင်​ခဲ့​ကြောင်းသိရသည်​။ ရန်​ကုန်​တိုင်း​ဒေသကြီး ၀န်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းအပါအ၀င်​တာဝန်​ရှိသူ၉ဦးအားလုပ်​ပိုင်​ခွင့်​အာဏာနှင့်​ရာထူးတာဝန်​ကိုအလွဲအသုံးပြုကာအဂတိလိုက်​စားမှုများရှိ​နေသဖြင့်​စုံစမ်းစစ်​​ဆေး၍အ​ရေးယူ​ပေးပါရန်​ဦးမိုက်​ကယ်​​ကျော်​မြင့်​ကအဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​သို့တိုင်​ကြားထား​ကြောင်းသိရသည်​။  ဒဂုံမြို့သစ်​(​မြောက်​ပိုင်း)မြို့နယ်​အမှတ်​၄၈ရပ်​ကွက်​၊ယခင်​တိုး​ကြောင်​ကြီး​ကျေးရွှာကွင်းအမှတ်​(၄၆၇-က)ထိန်​ပင်​ရိုးကွင်းဦးပိုင်​အမှတ်​(၁\၂) (၃\၁)နှင့်​ဦးပိုင်​အမှတ်​(၃)ရှိလယ်​​မြေ(၃၀့၄၄)ဧကသည်​ဦးအုန်းဟန်​(ဘ)ဦးဘို​ကေပိုင်​ဆိုင်​သည့်​​မြေကွက်​များဖြစ်​သည်​။၎င်း​မြေကွက်​များအား(၁၉၉၀-၁၉၉၁)ခုနှစ်​တွင်​မြို့ပြနှင့်​အိမ်​ရာဖွံ့ဖြိုးတိုးတက်​​ရေးဌာနမှာမြို့ပြနှင့်​အိုးအိမ်​စီမံကိန်းအ​နေဖြင့်​သိမ်းယူသွားခဲ့ပါသည်​။ထိုသို့သိမ်းယူသွားသည့်​(၃၀့၄၄) ဧကအနက်​မှမြို့ပြနှင့်​အိုးအိမ်​စီမံကိန်းပြီးဆုံးပြီးလွတ်​ကင်းကျန်​​မြေ(open Space F)နှင့်​(Open Space G)(၉)ဧကအားမြို့ပြနှင့်​အိမ်​ယာဖွံ့ဖြိုး​ရေးဦးစီးဌာနမှ၈့၎့၂၀၁၃ရက်​​နေ့တွင်​ပြန်​လည်​စွန့်​လွှတ်​ပြီးရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအထွဲ့ထံသို့လွှဲ​ပြောင်း​ပေးအပ်​ခဲ့သည်​။ လွတ်​ကင်းကျန်​​မြေ၉ဧကကိုပြန်​လည်​ပိုင်​ဆိုင်​ခွင့်​ရရှိရန်​အ​ထွေ​ထွေကိုယ်​စားလှယ်​လွှဲစာရရှိသူ​ဒေ​ချော​ကေခိုင်​ကဇွန်​လ၆ရက်​၂၀၁၆ခုနှစ်​တွင်​လယ်​ယာ​မြေနှင့်​အခြား​မြေများသိမ်းဆည်းခံရမှုများပြန်​လည်​စိစစ်​​ရေးဗဟို​ကော်​မတီသို့​လျှောက်​ထားခဲ့ရာဒုတိယသမ္မတ(၂)ဦးဟင်​နရီဗန်ထီးယူက'မှန်​ကန်​မှုရှိ\မရှိမူဝါဒများနှင့်​အညီ​ဆောင်​ရွှက်​ရန်​'ဇူလိုင်​က၁၅ရက်​ ရက်​စွဲ ဖြင့်​ရန်​ကုန်​တိုင်း​ဒေသကြီးလယ်​ယာ​မြေနှင့်​အခြားများသိမ်း​ဆည်းခံရမှုများပြန်​လည်​စိစစ်​​ရေး​ကော်​မတီသို့​ပေးပို့ခဲ့သည်​။ ဒုတိယသမ္မတဦးဟင်​နရဗန်​ထီးယူ၏လမ်းညွှန်​ချက်​အရအဆင့်​ဆင့်​စစ်​​ဆေးခံပြီး​ဒေါ်​ချော​ကေခိုင်​​လျှေက်​ထားမည့်​​မြေ၉ဧကအနက်​မှ၂ဧကအား​ဒေါ်တင်​တင်​မြင့်​ဆိုသူအားရန်​ကုန်​မြို့​တော်​စည်​ပင်​သာယာ၂၀၁၆ခုနှစ်​ဇွန်​လ၄ရက်​​နေ့တွင်​ဂရံထုတ်​​ပေးမည်​ဟုဆိုကာနှစ်​ဖက်​သ​ဘောတူခဲ့ကြသည်​။ ၂၀၁၇ခုနှစ်​​ဖေ​ဖော်​၀ါရီ၂၂ရက်​​နေ့တွင်​ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့နှင့်​​ဒေါ်​ချေ​ကေခိုင်​တို့သ​ဘောတူညီ​ကြောင်းဝန်​ခံကတိကိုဒဂုံမြို့သစ်​(​မြောက်​ပိုင်း)အုပ်​ချုပ်​​ရေးမှူးရုံးတွင်​လက်​မှတ်​​ရေးထိုးခဲ့ကြသည်​။ထို့​နောက်​၂၀၁၇ခုနှစ်​​မေလ၂ရက်​​နေ့တွင်​​ဒေါ်​ချေ​ကေခိုင်​ထံပြန်​လည်​​ပေးအပ်​မည်​ဟုစာချုပ်​ချုပ်​ဆိုထားသည့်​​မြေ​နေရာအားMyanmarV_pileကုမ္ပဏီသို့ဗိုလ်​ဗထူးတန်​ဖိုးမျှတအိမ်​ရာစီမံကိန်းတည်​​ဆောက်​ရန်​လွှဲ​ပြောင်း​ပေးခဲ့သည်​။ အဆိုပါအချက်​အလက်​နှင့်​ပတ်​သက်​၍ဦး​ဆောင်​တိုင်​ကြားသူဦးမိုက်​ကယ်​​ကျော်​မြင့်​က'ကျွန်​​တော်​တို့သ​ဘောတူညီမှုရပြီး​ငွေသွင်းနိုင်​ဖို့စီစဉ်​​နေတုန်းမှာပဲလုပ်​သွားတာပါ။ငွေသွင်းဖို့စီစဉ်​​နေတုန်းဆိုတာကကျွန်​​တော်​တို့မှာ​ငွေမရှိလို့မဟုတ်​ဘူး။ငွေဘယ်​​ရွှေဘယ်​မျှသွင်းရမယ်​ဆိုတဲ့ဟာမ​ရောက်​​သေးလို့​စောင့်​​နေတာ။ဒီအတွက်​လည်းဦးဖြိုးမင်းသိန်းရဲ့PSoနဲ့​ငွေသွင်းစာရွှက်​ကျဖို့လုပ်​​နေရင်းတန်းလန်းနဲ့မှအဲဒီလိုဖြစ်​သွားတာပါ'ဟုသတင်းမီဒီယာကို​ပြောသည်​။၂၀၁၇ဇူလိုင်​က၁၅ရက်​​နေ့ကရန်​ကုန်​တိုင်းအစိုးရအဖွဲ့မှဒုတိယသမ္မတ၂ထံသို့​ပေးပို့တင်​ပြသည့်​စာတွင်​​ဒေါ်​ချေ​ကေခိုင်​က​လျှေက်​ထားသည့်​​မြေ၉ဧကအားရန်​ကုန်​တိုင်းအစိုးရမှ​လျော်​​ကြေး​ပေးရန်​ဖြစ်​​ကြောင်း၊ထိုဆုံးဖြတ်​ချက်​အား​ဒေါ်​ချော​ကေခိုင်​မှလိုက်​နာ​ဆောင်​ရွှက်​သွားမည်​ဟုညှိနှိုင်း​ပြေလည်​မှုရခဲ့​ကြောင်းအချက်​အလက်​များကိုပြန်​လည်​တင်​ပြခဲ့သည်​ဟုတိုင်​ကြားစာတွင်​​ဖော်​ပြခဲ့သည်​။ထိုအချက်​နှင့်​ပတ်​သက်​၍ဦးမိုက်​ကယ်​​ကျော်​မြင့်​က'ကျွန်​​တော်​ပူးတွဲ​ပေးပို့တဲ့အထဲမှာအဲဒီအစီရင်​ခံစာကိုပူးတွဲထည့်​​ပေးထားပါတယ်​'ဟု​ပြော​ကြောင်းသည်​။ မိုက်​ကယ်​​ကျော်​မြင့်​သည်​ရန်​တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်း၏ကိုယ်​​ရေးအရာရှိတစ်​ဦး၏၎င်းထံမှလာဘ်​​ငွေယူသည်​ဟုဆိုပြီးခဲ့သည်​ဇွန်​လ၂ရက်​ကကျိုက္ကဆံဟစ်​တိုင်​ကွင်းတွင်​သတင်းစာရှင်းလင်းပွဲပြုလုပ်​ပြီးတာ​မွှေမြို့နယ်​တရားတွင်​ငြိမ်းစုစီဥပ​ဒေပုဒ်​မ၁၉အရအ​ရေးယူထားပြီးရန်​ကုန်​တိုင်းအ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးဦးမိုးဟိန်းတရားလိုပြုလုပ်​၍ဒဂုံမြိုနယ်​တွင်​၆၆ဃ ၂၁၁နှင့်​အချုပ်​ဖြင့်​၃လကြာ​နေထိုင်​ခဲ့ရပြီးယခုခချိန်​တွင်​​အောက်​တိုဘာ၂၃ရက်​ည၅နာရီအထိအာမခံဖြင့်​အချုပ်​လွတ်​ထု​ချေ​နေရခြင်းဖြစ်​​ကြောင်းမ​အေးသင်းမှသိရသည်​။ မိုက်​ကယ်​​ကျော်​မြင့်​သည်​ရန်​ကုန်​တိုင်းဝန်​ကြီးချုပ်​နှင်​ပတ်​သက်​သည့်​အ​ကြောင်းအရာများအား​အောက်​တိုဘာ၂၄ရက်​တွင်​တာ​မွှေဟစ်​တိုင်​၌စီစဉ်​ထားပြီး​ဆန္ဒထုတ်​​ဖော်​ပွဲမပြုလုပ်​မီ​အောက်​တိုဘာ၂၃ရက်​ည​နေ၅နာရီခန့်​တွင်​တာ​မွှေမြို့မရဲစခန်းကပု၌မ၅၀၅ခဖြင့်​ဖမ်းဆီးခံခဲ့ရ​ကြောင်းသိရသည်​။

No comments:

Post a Comment