Latest News

Tuesday, October 24, 2017

မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးပျံ အစီအစဉ်တွေအပေါ် စိုးရိမ်

မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးပျံ အစီအစဉ်တွေအပေါ် စိုးရိမ်

မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးပျံ လက်နက်အစီအစဉ်တွေအပေါ် အလွန်အမင်း စိုးရိမ်ပူပန်နေကြကြောင်း အရှေ့တောင်အာရှ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေက ပြောဆိုလိုက်ပြီး မြောက်ကိုရီးယားအနေနဲ့ ပြုထားခဲ့တဲ့ နိုင်ငံတကာ ကတိက၀တ်တွေနဲ့အညီ လိုက်နာပြီး၊ နိုင်ငံတကာနဲ့လည်း အဆက်အဆံပြုဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ လျော့ကျသွားအောင် တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့၊ စိတ်ခံစားမှုအလိုကို မလိုက်ဘဲ ကိုယ့်ကိုယ်ကိုထိန်းဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။

မြောက်ကိုရီးယား ပြဿနာနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်စ် က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ အာရှခရီးစဉ် မစတင်ခင်မှာ ဂျင်မက်တစ်စ် က အာရှတိုက်ကို သွားရောက်မှာဖြစ်ပြီး ထိုင်း နဲ့ တောင်ကိုရီးယားလည်း ပါဝင်ပါတယ်။

RFA

No comments:

Post a Comment