Monday, October 30, 2017
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စားသုံးရန် မသင့်သော အစားအသောက်များ အသိပေး ကြေညာ
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စားသုံးရန် မသင့်သော အစားအသောက်များ အသိပေး ကြေညာ
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စိစစ် ဆောင်ရွက်လျက် ရှိရာ ဈေးကွက်များတွင် ရောင်းချလျက် ရှိသော အစားအသောက် များကို ဈေးများမှ ဝယ်ယူ စစ်ဆေးရာ ရွှေပုဇွန်တံဆိပ် ပုဇွန်ငါးပိ၊ ရွှေဟင်္သာ တံဆိပ် အရောင်တင်မှုန့်၊ မြသီရိတံဆိပ် မြိတ် ငါးပိထောင်း၊ အေးကမ္ဘာ တံဆိပ် ရှူးရှဲ လက်ဖက်ချဉ် စပ်နှပ်၊ မသက်သက် တံဆိပ် လက်ဖက်ချဉ်စပ်နှပ်၊ ရွှေတောင်တန်း တံဆိပ် လက်ဖက်ချဉ်စပ်၊ ရွှေဖောင်းကွဲ တံဆိပ် လက်ဖက်ညွန့်၊ ဟင်္သာမင်း တံဆိပ် ငရုတ်သီး အစိမ်းမှုန့် တို့၌ ထုတ်လုပ်သော အစားအသောက် များ၌ ခွင့်မပြု ဆိုးဆေးများ၊ မှိုအဆိပ် ပါဝင်ခြင်း တို့ကြောင့် စားသုံးရန် မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အသိပေး ကြေညာထားသည်။
အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချသူ များသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေး များကို လုံးဝ အသုံးမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၂၈ (က) အရ အရေးယူမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။
TheMandalayNewsJournal
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စားသုံးရန် မသင့်သော အစားအသောက်များ အသိပေး ကြေညာ
Reviewed by timeayeyar
on
5:59 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment