Latest News

Sunday, October 1, 2017

မြောက်ကိုရီးယား နျူးကလီးယားလက်နက် စွန့်လွှတ်ရေး အသင့် ဖြစ်မဖြစ် စုံစမ်းနေကြောင်း ကန် နိုင်ငံခြားရေးဝန်ကြီး ပြော

မြောက်ကိုရီးယား နျူးကလီးယားလက်နက် စွန့်လွှတ်ရေး အသင့် ဖြစ်မဖြစ် စုံစမ်းနေကြောင်း ကန် နိုင်ငံခြားရေးဝန်ကြီး ပြော

အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး၊ နျူးကလီးယား လက်နက်စွန့်လွှတ်ရေးကိစ္စဆွေးနွေးဖို့ မြောက်ကိုရီးယားအနေနဲ့ အသင့် ဖြစ်မဖြစ် စုံစမ်းနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောပါတယ်။

တရုတ်ပြည်ကိုရောက်ရှိနေတဲ့ Tillerson က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားအပေါ် နျူးကလီးယားနဲ့ ဒုံးပျံကိစ္စ ဖိအားပေးရေး၊ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေး၊ နိုဝင်ဘာလအတွင်း  တရုတ်ပြည်ကို ပထမဆုံးအကြိမ် လာရောက်မယ့် အမေရိကန်သမ္မတ Donald Trump ရဲ့ ခရီးစဉ်ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ ပြည်ပကုန်သွယ်မှု ၉၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံနဲ့ ဖြစ်ပါတယ်။
ဒီအတွင်း မြောက်ကိုးရီးယားနိုင်ငံရဲ့မြို့တော် ပြုံယမ်းက ဒုံးပျံ သုတေသနဌာနမှာရှိတဲ့ ဒုံးလက်နက်တချို့ကို တခြားနေရာတွေဆီ ဖြန့်ကျက်နေရာချထားနေတယ်လို့ တောင်ကိုးရီးယား အသံလွှင့်ဌာန KBS က ပြောဆို လိုက်ပါတယ်။

မြောက်ကိုးရီးယား ဒုံးကျည် သုတေသနဌာန အဆောက်အဦးထဲက ဒုံးကျည်တွေကို သယ်ထုတ်နေတာ ထောက်လှမ်းတွေ့ရှိရတယ်လို့ တောင်ကိုးရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေးအရာရှိတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့လည်း KBS က ပြောပါတယ်။

အဲဒီရွှေ့ပြောင်းနေတာတွေဟာ တိုက်ခြင်းပစ်ဒုံးတွေဖြစ်နိုင်သလို ဟွာဆောင် ၁၂ တာလတ်ပစ်ဒုံးပျံတွေလည်း ဖြစ်နိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

RFA

No comments:

Post a Comment