Latest News

Wednesday, September 20, 2017

YBS တွေမှာ ကတ်နဲ့ကားခပေးတာ ၂၀၁၈ နှစ်ဆန်းပိုင်းမှာစမယ်

YBS တွေမှာ ကတ်နဲ့ကားခပေးတာ ၂၀၁၈ နှစ်ဆန်းပိုင်းမှာစမယ်

ရန်ကုန်တိုင်းထဲမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ ကတ်စနစ်နဲ့ငွေပေးချေတဲ့လုပ်ငန်းကို လာမယ့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောလိုက်ပါတယ်။

ကတ်စနစ်ကို စတင်အသုံးပြုရင် ယာဉ်လိုင်းတစ်လိုင်း၊နှစ်လိုင်းကို ရှေ့ပြေးအနေနဲ့ စမ်းသပ်သွားမယ်လို့ သိရပြီး ဒီလုပ်ငန်းတွေစတင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်နေတာ ၇၅ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ ဆိုပါတယ်။

ဒီစနစ်စတင်ကျင့်သုံးမယ်ဆိုရင် ခရီးစဉ်မိုင်အလိုက် ငွေပေးချေရမှာဖြစ်ပြီး ကတ်စနစ် အသုံးပြုဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ပြုလုပ်ထားတဲ့ နည်းစနစ်အပြင် ဒီလုပ်ငန်းဆောင်ရွက်ချင်တဲ့  ပြည်တွင်း၊ပြည်ပကုမ္ပဏီတွေ အနေနဲ့လည်း အဆိုပြုလွှာ တင်သွင်းနိုင်မယ်လို့ သိရပါတယ်။

ဝိုင်ဘီအက်စ်စနစ် စတင်အကောင်အထည်ဖော်ခဲ့တဲ့  ​ရှစ်​လကျော်သက်တမ်းအတွင်း တချို့ယာဉ်​လိုင်းတွေက ခရီးသည်​ရရှိမှုနည်းပါးခြင်း၊ ယာဉ်​စီးခအပြည့်​အဝ မရရှိခြင်းတို့​ကြောင့် အရှုံး​ပေါ်နေရပြီး ရေ​ရှည်​ရပ်​တည်နိုင်​ဖို့ အခက်အ​ခဲတွေ ကြုံ​တွေ့နေရ​တယ်လို့ သိရပါတယ်။

Duwun

No comments:

Post a Comment