ကျိုက်ထီးရိုး ကေဘယ်ကားစီမံကိန်း အောက်တိုဘာလမှာ ဖွင့်လှစ်မယ်
ကျိုက်ထီးရိုးစေတီတော်ကို ပြေးဆွဲမယ့် ကေဘယ်ကား(ကောင်းကင်ရထား) စီမံကိန်းကို အောက်တိုဘာနောက်ဆုံးပတ်မှာ ဖွင့်လှစ်သွားမယ်လို့ Sky Asia ကုမ္ပဏီအထူးအကြံပေး ဦးမျိုးဝေက ပြောပါတယ်။
လက်ရှိအချိန်မှာ ကေဘယ်ကား စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းတွေ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး အရင်က သီတင်းကျွတ်အမီ ဖွင့်လှစ်နိုင်ဖို့ လျာထားပေမယ့် တစ်လလောက် နောက်ကျမယ်လို့ ဆိုပါတယ်။
‘‘ဘုရားပွဲတော်ကာလမှာ ဖွင့်နိုင်ဖို့ ခန့်မှန်းထားပေမယ့် အ ဓိကရာသီဥတုဆိုးတဲ့အတွက်က တစ်ချက်၊ နောက်တစ်ချက်က ကေဘယ်ကြိုးကို အပေါ်တင်နိုင်မယ့် စက်ကမြန်မာပြည်မှာ မရှိတော့ ပြင်သစ်နိုင်ငံကို မှာယူရတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကမှရောက်တော့ နောက်ကျသွားတယ်။ ဒါ ကြောင့် အနည်းငယ်လုပ်ငန်း နှောင့်နှေးကြန့်ကြာခဲ့တယ်။ စက် တင်ဘာလကုန်လောက်မှာ ပြီးပေမယ့် အောက်တိုဘာလကုန်လောက်မှ ဘုရားဖူးတွေ စီးနိုင်အောင် ဖွင့်လှစ်သွားမယ်’’လို့ ဦးမျိုးဝေက ပြောပါတယ်။
ကျိုက်ထီးရိုးစေတီ ကေဘယ်ကားစီမံကိန်းအတွက် ကန်ဒေါ်လာသန်း ၂၀ ရင်းနှီးမြှုပ်နှံထားပြီး ကေဘယ်ကား ၄၃ စီး၊ အရန်တစ်စီးနဲ့ ပြေးဆွဲမယ်လို့ သိရပါတယ်။
ကေဘယ်ကားစီးနင်းခကို နိုင်ငံခြားသားတစ်ဦးကို ကန်ဒေါ်လာ ငါးဒေါ်လာသတ်မှတ်ထားပြီး ပြည်တွင်းဘုရားဖူးတွေအတွက် စီးနင်းခ အတိအကျ မသတ်မှတ်ရသေးပဲ ကေဘယ်ကားစီး နင်းမယ့်သူတွေအတွက် IKBZ အာမခံလုပ်ငန်းမှာ အသက်အာမခံထားပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment