Latest News

Wednesday, September 27, 2017

G-4လေယာဉ်ရှိရာနေရာကိုလိုက်ပြနိင်သူကို ဆုငွေ၁၀သိန်းချီးမြင့်မည် ဟုလေတပ်ဌာနထုတ်ပြန်

G-4လေယာဉ်ရှိရာနေရာကိုလိုက်ပြနိင်သူကို ဆုငွေ၁၀သိန်းချီးမြင့်မည် ဟုလေတပ်ဌာနထုတ်ပြန်

ပျက်ကျပျောက်ဆုံးနေသော G-4လေယာဉ် တည်ရှိရာနေရာသို့ လိုက်လံပြသပေးသူအား   လေတပ်ဌာနချုပ်မှ ငွေကျပ်၁၀သိန်းကို ဆုကြေးအဖြစ်ချီးမြင့်ပေးသွားမည်ဟု လေတပ်စစ်ဌာနချုပ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်စိုးကတိုင်းဧရာကို အတည်ပြုပြောဆိုသည်။

 "အခုလက်ရှိတော့လေယာဉ်ကို တောနင်းရှာနေပါတယ် တောတောင်ရေမြေအနေထေားအရ အခက်အခဲများစွာရှိနေတဲ့အတွက် ထင်သလောက်ခရီးမပေါက်ပဲ အခုအချိန်ထိရှမတွေ့သေးပါဘူး ဒါကြောင့်လေယာဉ်ကိုအမြန်ဆုံးရှာတွေ့ဖို့အတွက် နယ်မြေဒေသ လူမျိုးမရွေးပဲ လေယာဉ်ရှိတဲ့နေရာ လိုက်ပြနိုင်ယုံနဲ့ ဆုငွေ၁၀သိန်းကိုချီမြင့်ပေးမှာပါ လေယာဉ်အမြန်ဆုံတွေ့ဖို့အတွက် လေတပ်ဌာနချုပ်ကလည်း နည်းလည်းမျိုးစုံနဲ့ရှာဖွေနေပါတယ် တွေ့အောင်လည်းရှာမှာပါဟု" ၄င်းကပြောသည်။

G-4လေယာဉ်စတင်ပျောက်ဆုံးသွားသည့်လေလမ်းကြောင်းတစ်ဖက်(၁၀)မိုင်ပတ်ခြာလည်တွင် တောနင်းရှာဖွေလျက်ရှိရာ သွားလာရာလမ်းကြောင်းများတွင် ဝါတောကြီးမှထူတပ်စွာရှိနေခြင်း ကြီးမားသောသျှိုများရှိနေခြင်းနှင့်သစ်တောများထူထပ်နေခြင်းကြောင့် လေယာဉ်ကိုအမြန်ဆုံးပြန်လည်တွေ့ရှိရန်ခက်ခဲနေသောကြောင့် ဆုငွေထုတ် ရှာဖွေရန်ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

လတ်တလောလေတပ်စခန်းဌာနအနေဖြင့်  ရှာဖွေရေးလေယာဉ်တွင်အာရုံခံကင်မရာတပ်ကာ ရှာဖွေရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်နေသည်။

တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် တစ်စီး ခရီးဝေးပျံသန်းလေ့ကျင့်နေစဉ် ဌာနချုပ်နှင့်အဆက်သွယ်ပြတ်ကာပျောက်ဆုံးသွားကြောင်း စက်တင်ဘာလ(၅)ရက်နေ့ ကတပ်မတော်ကသတင်းထုတ်ပြန်ခဲ့ သည်။

 ပုသိမ်လေဆိပ်မှ စတင်ပျံသန်းလေ့ကျင့်ခဲ့ကြပြီး ၎င်း G-4 ဂျက်လေယာဉ် ၃ စီးအနက် လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက် မောင်းနှင်သည့် G-4 ဂျက်လေယာဉ် တစ်စီးသည် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်စဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံးအဆက်အသွယ် ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးခဲ့ ခြင်းဖြစ်သည်ဟုတပ်မတော်ကကနဦး သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ထက်ဝဠာမင်း

No comments:

Post a Comment