Latest News

Friday, September 29, 2017

စိတ်ကြွရူးသွပ်ဆေးပြား ရောင်း/၀ယ်သူများကို ဆေးပြားတစ်သိန်း ကျော်နှင့်အတူ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြား ရောင်း/၀ယ်သူများကို ဆေးပြားတစ်သိန်း
ကျော်နှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၂၉

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊(၁)ရပ်ကွက်၊ သီရိမွန်ပလာဇာဝင်း၊ လုံးချင်းအိမ်ယာ၊ (၁၀) လမ်းပေါ်တွင်မူးယစ်ဆေးဝါးသတင်းအရ အမှတ် (၄၁) မူးယစ်ဆေး ၀ါးနှိမ်းနင်းရေးရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များနှင့် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်းပါဝင်သောအဖွဲ့သည် ယာဉ်အမှတ် 3E/------HONDA FIT အမျိုးအစာ
မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းယာဉ်ပေါ်၌ ယာဉ်မောင်း စိုင်းပြည့်ကျော်၊(၃၀)နှစ်၊ ရှမ်းပြည်နယ်၊ လင်းခေးမြို့နယ်သူ မောင်းနှင်ပြီး ၎င်း၏ဘေးတွင် သန်းအောင် ၊(၅၆)နှစ် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နေ လိုက်ပါစီးနင်းလာသော ယာဉ်ပေါ်၌ Speed Team စာတန်းပါ ခရီးဆောင်အိတ်အတွင်း မှိုင်းခံစက္ကူဖြင့် ထုပ်လျက် အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသော 88 စာတန်းပါ ပန်းရောင်စိတ်ကြွရူး သွပ်ဆေးပြား ၂၀၀ ပြားစီပါ
အထုပ် ၃၀ ထုပ်အား စုထုပ်ထားသည့် ဆေးပြား ၆၀၀၀ ပြားစီပါ ၂၂ ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂၀၀၀ ပြား၊ တန်းဖိုးငွေကျပ် ၄၆၂,၀၀၀,၀၀၀ ၊ ဆင်းကတ်နှစ်ခုပါ Samsung အမျိုးအစား လက်ကိုင်းဖုန်းတစ်လုံး၊ ဆင်းကတ်ပါ ZTE အမျိုးအစား လက်ကိုင်းဖုန်းတစ်လုံး၊ သန်းအောင်အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု၊ ယာဉ်၏သက်သေခံလက်မှတ်တစ်ခုတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ယင်းသို့သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းပြည့်ကျော်ပါနှစ်ဦးတို့အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း မယ(ပ)၁၃/၂၀၁၇ ၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့

No comments:

Post a Comment