Latest News

Wednesday, September 27, 2017

အိန္ဒိယတပ်နဲ့ နာဂသူပုန် တိုက်ပွဲဖြစ်၊ အကျအဆုံးများ

အိန္ဒိယတပ်နဲ့ နာဂသူပုန် တိုက်ပွဲဖြစ်၊ အကျအဆုံးများ

မြန်မာနယ်စပ်မှာ အိန္ဒိယ အစိုးရတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်သူပုန်တွေကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ သူပုန်တွေဘက်က အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။

NSCN-K ခေါ် ကက်ပလန် နာဂသူပုန်အဖွဲ့နဲ့ အိန္ဒိယတပ်တွေ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
နာဂသူပုန်ဘက်က အကျအဆုံး အထိအခိုက် အများအပြားရှိခဲ့ပြီး အိန္ဒိယအစိုးရဘက်က အထိအခိုက် မရှိဘူးလို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

၂၀၁၅ ခုနှစ်က မြန်မာနယ်စပ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အိန္ဒိယအစိုးရတပ်ဘက် လူ ၂၀ ကျဆုံးခဲ့တာကို တန်ပြန်လက်စားချေလိုက်တာလို့လည်း ပြောပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်း  မြန်မာနယ်စပ်တလျောက် တောတောင်ထူထပ်ရာ မြန်မာဘက်ခြမ်းမှာ လူမျိုးစု သူပုန်အဖွဲ့တွေ ၀င်ရောက်ခိုအောင်းနေကြပြီး နယ်မြေကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယအစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေကြဖြစ်ပါတယ်။

RFA

No comments:

Post a Comment