Latest News

Wednesday, September 27, 2017

မစ္စယင်လပ်ရှင်နာဝပ် ဒူဘိုင်းမြို့တော်တွင် ခိုလှုံနေဟု ထိုင်းဝန်ကြီးချုပ်ပြော

မစ္စယင်လပ်ရှင်နာဝပ် ဒူဘိုင်းမြို့တော်တွင် ခိုလှုံနေဟု ထိုင်းဝန်ကြီးချုပ်ပြော
 
နိုင်ငံဘဏ္ဍာငွေ သန်းပေါင်းများစွာ အရှုံးပြခဲ့တဲ့ နိုင်ငံတော်ဆန်ဝယ်ယူရေး အစီအစဉ်ကို သိလျက်နဲ့ လျစ်လျူရှုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ဟာ အာရပ်စော်ဘွားများနိုင်ငံ မြို့တော် ဒူဘိုင်းမှာ ထွက်ပြေးပုန်းရှောင်နေတယ်လို့ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ပြောပါတယ်။

ဒီကနေ့မနက် ထိုင်းအလံတော် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲတော် အခမ်းအနား တက်ရောက်အပြီး သတင်းထောက်တွေကို ခုလိုပြောကြားခဲ့တာပါ။

မစ္စယင်လပ်ရှင်နာဝပ်ဟာ ဒူဘိုင်းမှာ ထွက်ပြေးပုန်းရှောင်နေတာ သေချာပြီး ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့က တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း သူမကို လိုက်လံဖမ်းဆီးကာ နိုင်ငံကူးလက်မှတ်ကိုလည်း ရုပ်သိမ်းမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းပြည်မငြိမ်သက်မှု၊ ဆူပူမှုဖြစ်မှာစိုးတဲ့အတွက် သတင်းထောက်တွေအနေနဲ့ ချဲ့ကားပြီး ရေးသားထုတ်ဖော်ခြင်းမပြုဖို့၊ ယင်လပ်ကို ထိုင်းနိုင်ငံ ပြန်လည်ပို့ဆောင်ရေး၊ မပို့ဆောင်ရေး ဆိုတာကတော့ သူရောက်ရှိနေတဲ့နိုင်ငံက အစိုးရပေါ်မှာ မူတည်တယ်လို့ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက သတင်းထောက်တွေကို ပြောသွားပါတယ်။

DVB

No comments:

Post a Comment