Latest News

Wednesday, September 27, 2017

မလေးရှားသို့ သွားရောက်အလုပ်လုပ်ခွင့်ရသော်လည်း မသွားနိုင်သူများနေရာတွင် အလုပ်သမားအသစ်များ အစားထိုးသွားခွင့်ပြု

မလေးရှားသို့ သွားရောက်အလုပ်လုပ်ခွင့်ရသော်လည်း မသွားနိုင်သူများနေရာတွင် အလုပ်သမားအသစ်များ အစားထိုးသွားခွင့်ပြု

မလေးရှားနိုင်ငံမှ အလုပ်ခေါ်စာ ရရှိထားသော်လည်း သွား ရောက်လုပ်ကိုင်နိုင်ခြင်း မရှိသည့် အလုပ်သမားများနေရာတွင် အ လုပ်သမားအသစ်များ အစားထိုး သွားရောက်ခွင့်ပြုကြောင်း မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)က ကြေညာချက်ထုတ် ပြန်ထားသည်။

မြန်မာအစိုးရက မလေးရှား နိုင်ငံသို့ အလုပ်သမားစေလွှတ် ခြင်းနှင့် ပတ်သက်၍ ၂၀၁၆ ဒီဇင်ဘာ မတိုင်မီက အလုပ်ခေါ်စာရရှိထားသူများကိုသာ သွားရောက်ခွင့်ပြုထားပြီး အကြောင်းအမျိုးမျိုးကြောင့် မသွားရောက်ဖြစ်သည့် အလုပ်သမားများ နေရာတွင် အလုပ်သမားအသစ်များ အစားထိုးခွင့်ကို ကန့်သတ်ခဲ့ သည်။

‘‘အရင်က အစားထိုးခွင့်တင်ရင် ဝန်ကြီးဌာနက လက်မခံဘူး။ အခုပြန်လက်ခံလိုက်တဲ့အ တွက် အေဂျင်စီတွေ သိရအောင် အသင်းချုပ်ကလည်း ကြေညာထားတယ်။ ဝန်ကြီးဌာနက တရားဝင် စာထုတ်ပြောတာတော့ မဟုတ်ဘူး’’ဟု MOEAF လက်အောက်ရှိ မလေးရှားနိုင်ငံ ကော်မတီ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသန်းထွဋ်ဦးကပြောသည်။

မလေးရှားနိုင်ငံသို့ သွား ရောက်အလုပ်လုပ်ကိုင်ခွင့် ကျ ထားပြီး မသွားဖြစ်သဖြင့် ပယ်ဖျက်ကာ လိုအပ်သော အလုပ်သမား အစားထိုးဆောင်ရွက်မှုကို ပုံမှန်အတိုင်း ခွင့်ပြုပေးနေသော ကြောင့် အေဂျင်စီများ သိရှိဆောင် ရွက်နိုင်ရန်နှင့် အလုပ်သမားညွှန် ကြားမှုဦးစီးဌာနသို့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ရန်ဟူ ၍ MOEAF က စက်တင်ဘာ ၂၆ ရက်စွဲဖြင့် အေဂျင်စီများအား အသိပေး အကြောင်းကြားစာ ထုတ် ပြန်ခဲ့သည်။

ထိုသို့ အလုပ်သမားအစား ထိုး စေလွှတ်ခွင့်ကို အေဂျင်စီများ ၏ တောင်းဆိုချက်ကြောင့် ဖြေ လျှော့ပေးခဲ့ကြောင်း အလုပ်သ မား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ သို့ သွားရောက်လုပ်ကိုင်ရန် အ လုပ်ခေါ် စာကျထားသည့် အလုပ် သမားဦးရေ ၈,၀၀၀ ခန့်ရှိပြီး ယင်းအရေအတွက်၏ ထက်ဝက် ခန့်သည် မသွားဖြစ်တော့ကြောင်း အေဂျင်စီလုပ်ငန်းရှင်များက ဆို သည်။

အဆိုပါ အလုပ်သမားများ သည် စောင့်ဆိုင်းရချိန် ကြာမြင့် ခြင်း၊ အခြားနိုင်ငံများသို့ ပြောင်း လဲသွားရောက်ခြင်းများကြောင့် မသွားရောက်တော့ခြင်း ဖြစ်သည် ဟု အေဂျင်စီလုပ်ငန်းရှင် ဦးကျော် ဇောက ပြောသည်။

အစိုးရက မလေးရှားနိုင်ငံ သို့ အလုပ်သမားအသစ်စေလွှတ် မှုကို ဆက်လက်ရပ်ဆိုင်းထားသ ဖြင့် ယင်းနိုင်ငံသို့ သွားရောက်လုပ် ကိုင်လိုသည့် အလုပ်သမားများ သည် အစားထိုး အလုပ်သမားများအဖြစ် လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်သည်။

ဘင်္ဂါလီအရေးနှင့်ပတ်သက် ၍ မလေးရှားနိုင်ငံတွင် မြန်မာ အပေါ် ဆန္ဒပြကန့်ကွက်ခဲ့ပြီး နောက် မြန်မာအစိုးရက မလေး ရှားနိုင်ငံသို့ အလုပ်သမားများ သွားရောက်လုပ်ကိုင်မှုကို ၂၀၁၆ နှစ်ကုန်ပိုင်းကတည်းက ရပ်နား ထားခဲ့သည်။

အေဂျင်စီများက ယင်းနိုင်ငံ သို့ အလုပ်သမားစေလွှတ်မှုကို ပြန်လည်ခွင့်ပြုရန် တောင်းဆိုမှု များရှိလာသဖြင့် အလုပ်ခေါ်စာ ကျထားပြီး အလုပ်သမားများကို ၂၀၁၇ ဇွန်လကစ၍ စေလွှတ်ခွင့် ပြုခဲ့သည်။

ထိုသို့ ပြန်လည်စေလွှတ်ခွင့် ပြုသည့်အချိန်မှ စက်တင်ဘာ လကုန်အထိ အလုပ်သမားဦးရေ သုံးထောင်ခန့် စေလွှတ်ထား ကြောင်း အလုပ်သမားညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။

မလေးရှားနိုင်ငံတွင် တရား ဝင်လုပ်ကိုင်နေသည့် မြန်မာလုပ် သားတစ်သိန်းကျော်နှင့် တရားမ ဝင်လုပ်ကိုင်သူ သုံးသိန်းခန့်ရှိကာ စုစုပေါင်း မြန်မာလုပ်သားလေး သိန်းကျော်ရှိကြောင်း မလေးရှား အစိုးရ ထုတ်ပြန်ချက်အရ သိရ သည်။

7Day News

No comments:

Post a Comment