Latest News

Tuesday, September 19, 2017

လပွတ္တာဒေသ ကျောင်းသားကျောင်းသူ ငါးထောင်ကျော်ကို မုန်တိုင်းဘေးအန္တရာယ်လျှော့ချရေးပညာပေး


မျိုးမင်းပိုင်
လပွတ္တာ မြိုနယ် ပြင်စလူမြို့ နယ်ခွဲ က ကျောင်းသား ကျောင်းသူ ငါးထောင်ကျော်ကို မုန်တိုင်းဘေးအန္တရာယ်လျှော့ ချရေးပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ သည်ဟု သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်နေသည့် အက်ရှက်အေ့ ဒ်မြန်မာမှ  ကိုအောင်ကျော်စိုးက  ပြောသည်။

၂၀၁၀မှ  ၂၀၁၇ ခုနှစ်အတွင်း  ပြင်စလူမြို့ နယ်ခွဲ မှ  ပိုးလောင်းကျေးရွာအုပ်စု သစ်ပုတ်ကျေးရွာအုပ်စု ၊ ရေတွင်းကုန်းကျေးရွာအုပ်စုမှ အခြေခံပညာကျောင်းဆယ်ကျောင်းမှ ကျောင်းသား ကျောင်းသူ ငါးထောင်ကျော်ကို မုန်တိုင်းပညာပေးအစီအစဉ်များဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်သည်။
 လူပေါင်းတစ်သိန်းသုံးသောင်းကျော်သေဆုံးခဲ့ သည့် ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းတွင် လပွတ္တာ  ပြင်စ
လူဒေသသည့် အသေအပျောက်အများဆုံးဖြစ်သည် ။
“များသောအားဖြင့် က ကျေးရွာတွေမှာ လုပ်ပြီဆိုလို့ ရှိရင် ဘေးအန္တရာယ်ကျရောက်မှုမှာ မိသားစုအလိုက်အကျတော့ ကလေးတွေမှာ  အန္တရာယ်ကင်းတယ်လေ။ မိဘတွေက ကူညီစောင့်ရှောက်ကြတယ်။ စာသင်ကျောင်းတွေမှာ ဆို ဆရာအင်အားနဲ့ ကျောင်းသားအင်အားဆို ကျောင်းသားအင်အားကအရမ်းများတယ်။ များတဲ့ အတွက်ကြောင့်မို့ ဘေးအန္တရာယ်တစ်ခုဖြစ်ပြီဆို စာသင်ကျောင်းတွေမှာ အသေအပျောက်များကြတယ် ။အဲ့ လိုကျတော့ စာသင်ကျောင်းတွေမှာ လုပ်ခြင်းအားဖြင့် ထိခိုက်ဆုံးရှံးမှုလျော့ကျနိုင်လာပါတယ်။ “ဟု ကိုအောင်ကျော်စိုးကဆိုသည်။

နာဂစ်ကဲ့ သို့ မုန်တိုင်း အန္တရာယ်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အန္တရယ်မဖြစ်စေရန် နေထိုင်ရမည့်ပုံစံ ရှောင်ရှားရမည့်နည်း လမ်း များနှင့် ဘေးကင်းလုံခြုံသည့်နေရာကိုရွေ့ ပြောင်းနေထိုင် ရမည့်   ပညာပေးအစီ
အစဉ်များကို ရက်တိုသင်တန်းများဖြင့် လက်တွေ့ သရုပ်ဖော် သင်ကြားပေးခဲ့ ခြင်းဖြစ်သည်။

မုန်တိုင်းအန္တရာယ် အသိပညာပေး အစီအစဉ်များကို ပညာရေးဌာနက ဆောင်ရွက်နေသကဲ့သို့ အခြားအဖွဲ့ အစည်းများအနေဖြင့် လုပ်ဆောင်လိုလျှင်လည်း  ဌာနခွင့်ပြုချက်ဖြင့်ဆောင်ရွက်နိုင်မည့် အပြင် ပညာရေးဌာနအနေဖြင့်လည်းပူးပေါင်းဆောင်ရွက်ပေးမည်ဟု ဧရာဝတီတိုင်းဒေသကြီး ဒုတိယပညာရေး ညွန်ကြားမှူးဦးဝင်းမောင်ကပြောသည်။

လပွတ္တာ မြို့ နယ်က ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ကိုဇော်ဦးက““တို့ ငယ်ငယ်တုန်းကတော့ အတွေ့ အကြုံလည်းမရှိဘူးလေ။ ဒါပေမဲ့  နာဂစ်တုန်းတော့ အတွေ့ အကြုံရသွားတာ ပေါ့။ ခုကျတော့ ကလေးတွေကို ပညာပေးတော့သူတို့ လည်း  သိသွားတာပေါ့ ။ကလေးဆိုတာ ကမကြုံဖူးတော့  မသိဘူး။ကျွန်တော်တို့ ကလည်းဘယ်လိုနေရမယ်ဆိုပြီး ပြောပြဖို့ ခက်တယ်။  ဒါပေမဲ့  ပညာပေးတွေလုပ်ပေးတော့ မုန်တိုင်းက အန္တရာယ်ရှိတယ်ဆိုတာ သိသွားပြီး ကျွန်တော်တို့ လည်း ထပ်ပြောစရာမလိုတော့ ဘူး။ သူတို့ လည်း ဘယ်လိုရှောင်ရမလဲ ဘယ်လိုနေရမလဲ သိသွားတာပေါ့။” ဟုပြောသည်။

စာသင်ကျောင်းများမှ ကလေးများသည်  စိတ်ဝင်စားမှုအားကောင်းပြီး သင်ကြားရာမှာပိုမိုထိရောက်သည့်အတွက်  နိုင်ငံတော် အနေဖြင့် ကျောင်းသုံးစာအုပ်တွင် သင်ရိုးညွန်းတမ်းတစ်ခုဖြင့်ထည့်သွင်းရေးဆွဲသင်ကြားပါကပိုမိုထိရောက်နိင်သည်ဟု အငြိမ်းစားကျောင်းဆရာ ဦးသန်းဝင်းကပြောသည်။

“ကျွန်တော်ထိုင်းကိုရောက်တော့ သူတို့ က ကျောင်းတွေက မူလတန်းသင်ရိုးမှာ ဘေးအန္တရာယ်တစ်ခုခုဖြစ်လာရင် ဘယ်လို တုန့် ပြန်ဆောင်ရွက်မလဲဆိုတာကို ထည့်သွင်းသင်ထားတော့ ဖြစ်လာမှ  ကျွန်တော်တို့ နိုင်ငံမှာလို့ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ ဟိုလိုနေပါ ဒီလိုနေပါဆိုပြီး ပြောနေစရာမလိုတော့ ဘူး။အဲတော့ သည်မှာလည်း အခြေခံပညာကျောင်းတွေထဲမှာသင်ပေးလိုက်ရင် သည်ကလေးတွေက တစ်ဆင့် ပြန်လည်မျှဝေမယ်။ နောက် အသက်အရွယ်ကြီးလာလို့ သူတို့ ကလူကြီးတွေဖြစ်လာရင်လည်းသူတို့ က ဘယ်လို
တုန့် ပြန်ရမလဲဆိုတာ သိနေတဲ့ အတွက် ဒါက ရေရှည်မှာကြိုတင်ကာကွယ်လိုက်သလိုကိုဖြစ်သွားမယ်။ “ဟု ၄င်းကပြောသည်။


Photo    လပွတ္တာ မြို့နယ်ပြင်စလူဒေသအခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းသားများကို  သြဂုတ်လအတွင်းက တွေ့ မြင်ရစဉ် ။

No comments:

Post a Comment