Latest News

Wednesday, September 20, 2017

မြောက်ကိုရီးယား နျူးကလီးယား အစီအစဉ် မစွန့်ရင် ချေမှုန်းပစ်မည်

မြောက်ကိုရီးယား နျူးကလီးယား အစီအစဉ် မစွန့်ရင် ချေမှုန်းပစ်မည်

မြောက်ကိုရီးယားအနေနဲ့ နျူးကလီးယားလက်နက် အစီအစဉ် မစွန့်လွှတ်ဘူးဆိုရင် အပြီးတိုင် ချေမှုန်းပစ်မယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ကိုလည်း ကိုယ့်အတတ်နဲ့ကိုယ် ပြန်စူးမယ့်  ဒုံးပျံကောင်လို့ သရော်ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ရူးနှမ်းနှမ်း လုပ်ရပ်တွေက တစ်ကမ္ဘာလုံးအပေါ် ခြိမ်းခြောက်မှု ဖြစ်နေတဲ့အတွက် တခြားရွေးချယ်စရာ မရှိတော့ဘူးဆိုရင် အပြီးတိုင် ချေမှုန်းဖို့သာ ရှိတော့တယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။ ဒါ့ပြင် အကြမ်းဖက် ၀ါဒကိုင်စွဲနေတဲ့ အဖွဲ့တွေကို ငွေကြေးထောက်ပံ့နေတဲ့ နိုင်ငံတွေကိုလည်း ဖော်ထုတ်ပြီး ဆုံးမရမယ့် အချိန်ရောက်ပြီလို့ လည်းဆိုပါတယ်။

ဒီအတွင်း အမေရိကန် အထက်လွှတ်တော် အရှေ့အာရှဆိုင်ရာ ဆပ်ကော်မတီက အမတ်တွေကလည်း မြောက်ကိုရီးယားကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ထုတ်ပယ်ပစ်ဖို့ တရုတ်နဲ့ တခြားနိုင်ငံ၂၀ ကို တိုက်တွန်းခဲ့ကြပါတယ်။

ကာတာ နဲ့ ကူဝိတ်နိုင်ငံတွေကလည်း မြောက်ကိုရီးယားအလုပ်သမားတွေကို ဗီဇာသက်တမ်း ဆက်မတိုးပေးတော့ဘဲ ရပ်ဆိုင်းလိုက်ပါတယ်။

စပိန်နိုင်ငံကလည်း မြောက်ကိုရီးယားသံအမတ်ကြီးကို စက်တင်ဘာလ မကုန်ခင် ထွက်ခွာဖို့ ပြောကြားလိုက်ပါတယ်။

Photo: Donald J. Trump Twitter
RFA

No comments:

Post a Comment