Latest News

Wednesday, September 20, 2017

ကွယ်လွန်သူ ထိုင်းဘုရင်ကြီးဘူမိဘောကို စက်တင်ဘာ ၃၀ နောက်ဆုံးထား ဂါရဝပြုရမည်

ကွယ်လွန်သူ ထိုင်းဘုရင်ကြီးဘူမိဘောကို စက်တင်ဘာ ၃၀ နောက်ဆုံးထား ဂါရဝပြုရမည်

စက်တင်ဘာ ၁၆ – တော်ဝင်မိသားစုဗျူရိုဟာ ဂရင်းပဲလေ့စ်မှာ ကွယ်လွန်သူဘုရင်ကြီး ဘူမိဘောကို ပြည်သူတွေ ဂါရဝပြုရမယ့် နောက်ဆုံးရက်အဖြစ် စက်တင်ဘာ ၃၀ ရက်ကို သတ်မှတ်လိုက်ပါတယ်။
တာဝန်ရှိသူတွေက တော်ဝင်ဈာပန အခမ်းအနားကို ကျင်းပတော့မှာဖြစ်တဲ့အတွက် လူတွေအနေနဲ့ ကွယ်လွန်သူ ဘုရင် ကြီးရဲ့ အရိုးအိုးကို နောက်ထပ်နှစ်ပတ် သာ လာရောက်ဂါရဝပြုရတော့မယ်လို့ ဗျူရိုက ကြေညာပါတယ်။

ဘုရင်ကြီးရဲ့ အရိုးအိုးကို ဂရင်းပဲလေ့စ်ထဲက ဒူးဆစ်မဟာပရာဆက်သွန်းခန်းမမှာ ထားရှိပါတယ်။

ကွယ်လွန်သူဘုရင်ကြီးရဲ့ အရိုးအိုးကို မနှစ်က အောက်တိုဘာ ၂၈ ရက်ကတည်းက လူတွေ လာရောက်ဂါရဝပြုခွင့် ပေးခဲ့ပါတယ်။

တော်ဝင်ဈာပနအခမ်းအနားကို အောက်တိုဘာ ၂၅ မှ ၂၉ အတွင်း ဆနမ် လျန်မှာ ပြုလုပ်ပြီး မီးသင်္ဂြိုဟ်မှုကို အောက်တိုဘာ ၂၆ မှာ ပြုလုပ်မှာဖြစ်ပါတယ်။

စုပြည့်စုံ
[ref: Bangkokpost, Sep 16, 2017.]
Kumudra

No comments:

Post a Comment