ကျုံပျော်မြို့နယ်အတွင်း ဗျောက်အိုး မီးရှုးမီးပန်းနှင့်အခြားအသံမြည်ပေါက်ကွဲစေတက်သော ပစ္စည်းများ ရောင်းဝယ်ခြင်း သိုလှောင်ခြင်း သယ်ဆောင်ခြင်းပစ်ပေါက်က်ကစားခြင်းများ တွေ့ရှိပါက ဖမ်းဆီးအရေးယူမည်
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်းရှိ ရပ်ကွက် နှင့်ကျေးရွာအုပ်စုများ၌ သီတင်းကျွတ်ကလမတိုင်မီနှင့် တန်ဆောင်တိုင်ကာလအတွင်း ဗြောက်အိုး မီးပန်း ပေသီး ရူးဒိုင်းများကောင်းကင်ပေါ်သို့ လွှတ်တင်ပစ်ဖောက်ကစားခြင်းကြောင့် အများပြည်သူများ အထိတ်တလန့် ဖြစ်စေခြင်း မီးဘေးအန္တာရယ် ဖြစ်ပေါ်နိုင်ခြင်းကြောင့် ယင်းပစ္စည်းများအား ပစ်ဖောက်ကစားခြင်း သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်းများ လက်ဝယ်ထားရှိခြင်းမျိုး မပြုလုပ်ရန် တွေ့ရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု မြို့မရဲစခန်းမှူး ဒုရဲမှူးခိုင်ကျော်ဦး ကပြောသည်။
"ရောင်းတဲ့ဆိုင် တွေကို လိုက်လံစစ်ဆေး အရေးယူမယ်ဖောက်တဲ့သူတွေကိုလဲ ပညာပေးအရင်ပြောမယ်၊ခံဝန်ထိုးမယ်၊ဝယ်တဲ့ဆိုင်ကိုလိုက်ပြခိုင်းမယ်ရောင်းတဲ့ဆိုင်တွေ စစ်ဆေးတွေ့ရှိပါက ဥပဒေနဲ့အညီအရေး ယူမယ်"ဟု ဒုရဲမှူးခိုင်ကျော်ဦး ကပြောသည်။
အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး ယခုလ ၁၉ ရက်နေ့က ဖမ်းဆီးအရေးယူရန် တရားဝင် စာရောက်ရှိလာပြီး အများပြည်သူများ သိရှိအောင် လိုက်လံအသိပေးကြော်ငြာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ဤထုတ်ပြန်သော ဒေသန္တရအမိန့် ကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်သူ မည်သူကိုမဆို ပြစ်မှုဆိုင်ရာဥပဒေ အရလည်းကောင်း တည်ဆဲဥပဒေ အရပ်ရပ်အရလည်းကောင်း ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
လက်ရှိ အသုံးပြုနေတဲ့ ဗြောက်အိုးတွေဟာ တရုတ်နိုင်ငံ က ထုတ်လုပ်တာဖြစ်ပြီး အသံလွန်စွာ ကျယ်လောင်သလို သုံးစွဲသူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်တယ်လို့ ဆိုပါတယ်။
Thursday, September 21, 2017
ကျုံပျော်မြို့နယ်အတွင်း ဗျောက်အိုး မီးရှုးမီးပန်းနှင့်အခြားအသံမြည်ပေါက်ကွဲစေတက်သော ပစ္စည်းများ ရောင်းဝယ်ခြင်း သိုလှောင်ခြင်း သယ်ဆောင်ခြင်းပစ်ပေါက်က်ကစားခြင်းများ တွေ့ရှိပါက ဖမ်းဆီးအရေးယူမည်
ကျုံပျော်မြို့နယ်အတွင်း ဗျောက်အိုး မီးရှုးမီးပန်းနှင့်အခြားအသံမြည်ပေါက်ကွဲစေတက်သော ပစ္စည်းများ ရောင်းဝယ်ခြင်း သိုလှောင်ခြင်း သယ်ဆောင်ခြင်းပစ်ပေါက်က်ကစားခြင်းများ တွေ့ရှိပါက ဖမ်းဆီးအရေးယူမည်
Reviewed by Ar Ti
on
12:18 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment