Latest News

Wednesday, September 20, 2017

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုပြုလုပ်ရန် အိန္ဒိယသို့ရောက်ရှိလာသည့် အကြမ်းဖက်သမား အယ်ကိုင်ဒါအား အိန္ဒိယရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ


အိန္ဒိယနိုင်ငံ ဒေလီမြို့အရှေ့ပိုင်းတွင် Samiun Rahman (အသက်၂၈)နှစ် အမည်ရှိ
အယ်ကိုင်ဒါ အကြမ်းဖက်သမားတစ်ဦးကို အိန္ဒိယအထူးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ဒေလီအထူးရဲတပ်ဖွဲ့မှ အရာရှိ ပီကူရှာဝါဟာက
`သူက မနီပူက မီဇူရမ်မှာ အခြေစိုက်ပြီး
မြန်မာနိုင်ငံထဲ အကြမ်းဖက်သမားတွေ လွှတ်ဖို့ အိန္ဒိယကို လာခဲ့တာ။´
ဟု ပြောကြားခဲ့သည်။
.
.................................
Samiun Rahman သည် ဗြိတိန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး
အယ်ကိုင်ဒါအကြမ်းဖက်အဖွဲ့၏ လူသစ်စုဆောင်းရေးတွင် အရေးပါသည့်လူတစ်ယောက်လည်း ဖြစ်သည်။
.
Samiun Rahman သည် မနီပူ ရှိ မီဇူရမ်အရပ်တွင် အခြေစိုက်ပြီး ရိုဟင်ဂျာများကို စုဆောင်းပြီး
အိန္ဒိယနှင့်မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများပြုလုပ်ရန်ရှိသည်ဟု သိရသည်။
.
Samiun Rahman သည် ဒေလီမြို့အရှေ့ပိုင်းရှိ ဗီကာစ်မာ့ဂ်တွင် အကြမ်းဖက်အဖွဲ့သားတစ်ယောက်နှင့်
ဆက်သွယ်ရန် သွားရောက်ရာမှ အဖမ်းခံခဲ့ရခြင်းလည်း ဖြစ်သည်။
.
ထိုမတိုင်ခင်က Samiun Rahman သည် ဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်မှုပြုလုပ်ရန်အမှုဖြင့် စွဲချက်တင်ခံခဲ့ရပြီး
2017 ခုနှစ် ဧပြီလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထိုနောက် Nusra တပ်မှူး မိုဟာမက်ဂျိုလာနီက
အိန္ဒိယရှိ ရိုဟင်ဂျာများအား လူသစ်စုဆောင်းရန် ညွှန်ကြားခဲ့ကြောင်း ဒေလီရဲတပ်ဖွဲ့မှ ပြောကြားသည်။
.
အိန္ဒိယရဲတပ်ဖွဲ့မှ Samiun Rahman သည် အထူးလုံခြုံသော စာပို့ application ဖြစ်သည့်
Protective Text app ဖြင့် အယ်ကိုင်ဒါထိပ်သီးခေါင်းဆောင်များနှင့် al-nusra ခေါင်းဆောင်များနှင့်
ဆက်သွယ်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
.
Samiun Rahman သည် ဟာဇာရီဘာဂ်၊ ဘီဟာ၊ ဒေလီ နှင့် ကတ်ရှ်မီးယားတို့တွင် နေထိုင်သော
ရိုဟင်ဂျာ ၁၂ ယောက်တို့၏ ဖုန်းများကိုလည်း ဖြတ်နားထောင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများကို
ဖွင့်ဟ၀န်ခံခဲ့သည်။
.
အထူးရဲတပ်ဖွဲ့မှ လက်ထောက်ကော်မရှင်နာ ပရာမွန်ကူရှာဝါက
`သူက အကြမ်းဖက်အဖွဲ့ကို အခြေစိုက်ပြီး ဒေလီနဲ့ အရှေ့မြောက်ပြည်နယ်နှစ်ခုမှာ
အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဖို့ လူသစ်တွေ စုဆောင်းနေတာ။
သူ့ကို ဒေလီ၊ ဟာဇာဘာ့ဂ်နဲ့ အိန္ဒိယရဲ့ တခြားနေရာမှာ ရှိတဲ့ အယ်ကိုင်ဒါအမာခံအဖွဲ့က ထောက်ပံ့ပေးထားတယ်လို့
သိရတယ်´ ဟု ပြောကြားခဲ့သည်။
.
ရဲအရာရှိများသည် Samiun Rahman ကို ဖမ်းဆီးရရှိခဲ့စဉ် Shumon Haq အမည်ဖြင့် ID ကတ်
ကိုင်ဆောင်ထားကြောင်းလည်း တွေ့ရှိခဲ့ရသည်။ ထို အိုင်ဒီကတ်မှာ ဘီဟာပြည်နယ်ရှိ ဒေသခံ
တစ်ယောက်ကိုင်ဆောင်သောကတ်ဖြစ်သည်။
.
ထို့ပြင် အမေရိကန်ဒေါ်လာ နှစ်ထောင်၊ လက်ပတော့တစ်လုံး၊ 9mm ပစ္စတိုတစ်လက်နှင့် ကျည်ဆံကတ်များ
နှင့် ဘင်္ဂလားဒေ့ရှ်ဖုန်းဆင်းကတ်များ ကိုလည်း တွေ့ရှိခဲ့ရသည်။
သိဒ္ဓိ
https://www.facebook.com/theiddi/posts/1912119635781666

https://l.facebook.com/l

https://l.facebook.com

No comments:

Post a Comment