Latest News

Monday, September 4, 2017

ဓမ္မစေတီမင်းကြီးအစပြုခဲ့ တဲ့ မွန်တို့ ရိုးရာ ဆွမ်းတစ်ထောင်တင်လှူပူဇော်ပွဲ


ဓမ္မစေတီမင်းကြီးအစပြုခဲ့ တဲ့ မွန်တို့ ရိုးရာ ဆွမ်းတစ်ထောင်တင်လှူပူဇော်ပွဲ
ဟံသာနွန်
ဓမ္မစေတီမင်းတရားကြီးလက်ထက်တည်းကသမိုင်းအစဉ်အဆက်ပြုလုပ်လာခဲ့ သော မွန်ရိုးရာ ဆွမ်းတော်တစ် ထောင်တင်လှူပူဇော်ပွဲ ကို စက်တင်ဘာလ(၄)ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ သည်။
တော်သလင်းလပြည့်နေ့ရောက်တိုင်း ရာမညတိုင်းဒေသ နေရာ ဒေသအသီးသီးတွင်  မွန်ရိုးရာ ဆွမ်းတော်တစ် ထောင်တင်လှူပူဇော်ပွဲ ကျင်းပလေ့ ရှိကြောင်း တာဝတိံကျောင်းဆရာတော် ဘုရာကြီး သိရီပ၀ရဓမ္မာစရိယ ဒီဃဘာဏက ဘဒ္ဒန္တဓမ္မပါလ ကမိန့်သည်။
သီလစင်ကြယ်သော သာသနာပြုရဟန်းတော်များ  မွေးထုတ်နိုင်ဖို့ ကောဇာသက္ကရာဇ် ၈၃၈ခုနှစ်မှာ သီဟိုဋ္ဌ် (သီရိလင်္ကာ)သို့ မွန်သံဃာတော် (၄၄)ပါးကို ဓမ္မစေတီမင်းက ရာမဒူတသဘောင်္နင့် စိတြဒူတအမည်ရှိသဘောင်္ နှစ်စီးဖြင့် စေလွှတ်တော်မူခဲ့ပြီး သံဃာတော်(၄၄)ပါးတို့ကို ကလျာဏီသိမ်မှာရဟန်းအသစ် ခံယူစေခဲ့ သည်ဟုသမိုင်းကျမ်းစာများတွင် ဖော်ပြပါရှိသည်။

ရဟန်းသစ်ခံယူပြီး အပြန်ခရီးစဉ်တွင်    စိတြဒူတသဘောင်္သည် လေပြင်းမုန်တိုင်းမိသဖြင့် အချိန်မှီပြန်လာခြင်းမရှိသောအခါ ဘေးအန္တရာယ်မကျရောက်ရလေအောင် မင်းနှင့်တိုင်းသူပြည်သားအပေါင်းတို့က စိတြဒူတ သဘောင်္ပုံသသဏ္ဍာန်ဖန်တီးတည်ဆောက်ပြီး တစ်ထောင်မကသောလှူဖွယ်ဝတ္ထုအစုစုကို စုပေါင်းထည့်ကာဘုရားရှင်ထံသီလခံယူ ဆောက်တည်ကာ ဆုတောင်းခဲ့ကြသည့်သမိုင်းကို အခြခံ၍ နှစ်စဉ်နှစ်တိုင်းဆောင်ရွက်လာကြခြင်းဖြစ်သည်ဟု မွန်ဒေသခံတို့ ဆိုသည်။

“ဒီဓလေ့က ဟိုအရင် လက်ထက်ကတည်းက တော်တော် ကြာခဲ့ပါပြီး သမိုင်းထဲမှာပါသလိုဆုတောင်းကြတာနောက်နေ့ မှ သင်္ဘောကြီးကပြန်ရောက်လာတယ် အဲ့ တော့ ပိုပြီး ယုံကြည်သွားကြတာပေါ့တချို့လူငယ်တွေက ဒါက ဘာကိုရည်ရွယ်ပြီး လုပ်တာလည်းဆိုတာ မသိဘူး။ ခုဆို သူတို့လေးတွေကို ရှင်းပြ ပေးတာပေါ့ သူတို့သိလာတယ်နာလည်လာတယ်။ကောင်းမွန် တဲ့ ဓလေ့တစ်ခုကို ရှေးယခင်ကတည်းလုပ်လာတယ်ဆိုတော့ ဒီဟာကိုမပျောက်ပျက်သွားအောင် သူတို့တွေနဲ့လည်း အများ ကြီး ထိန်းသိမ်းသွားသင့်တယ်"ဟု အသက်၇၀ အရွယ်ရှိ ဦး ပေါ်လင်းက ပြောသည်။

သမိုင်းအစဉ်အဆက်ပြုလုပ်လာကြသည့်အတိုင်း ယခုနှစ်တွင်လည်း မွန်ပြည်နယ်အတွင်း က မွန်ဘုန်းတော်ကြီးကျောင်းများတွင်  မိမိတို့တတ်စွမ်းနိုင်သမျှ လုပ်အားဖြင့်သော်လည်းကောင်း၊ အလှူငွေအားဖြင့်သော်လည်းကောင်း သဘောင်္တစ်စီး တည်ဆောက်ကာ ဆွမ်း၊တံခွန်၊ကုက္ကား၊ပန်း၊နံ့သာ၊သစ်သီး၊ကွမ်း၊ဆီမီးစသောအမျိုးအမည်တစ်ထောင်မကသောလှူဖွယ်ဝတ္ထုအမျိုးမျိုးဖြင့်သဘောင်္ကုန်းပတ်ပေါ်တွင်တင်လှူပူဇော်ခဲ့ ကြသည်။

“ကျွန်မတို့ငယ်ငယ်ကတည်းက ဒီချိန်ရောက်ရင် ဘုန်းကြီးကျောင်းသွားပြီးတော့ ကိုယ်တတ်နိုင်ဘက် သစ်သီးဝလံတွေကို ဆပ်ကပ်တာပေါ့နော်ခုချိန်ထိပါဘဲ ဒီဓလေ့က မွန်ပြည်နယ်မှာဘဲ ရှီတယ်လေ တကယ့် အဖြစ်ပျက်ကိုအခြေခံပြီးလုပ်ကြတာဖြစ်သလို ဒါကလည်း ဓလေ့တစ်ခုထိန်းသိမ်းတာလည်း ဟုတ်ပါတယ် “ဟုမနီနီထွေးကပြောသည်။

တော်သလင်းလပြည့်နေ့ တိုင်းမွန်လူမျိုးတို့ သည် လှူဖွယ်ဝတ္ထုအစုစုကို စုပေါင်းထည့်ပြီးတရားသီလခံယူခြင်းဖြင့် ကုသိုလ်ပြု ကြပြီး သဘောင်္ငယ်ဖြင့် တံခွန်အမျိုးမျိုး ပန်းအမျိုးမျိုး မြစ်ပြင်ထဲ လွှတ်ချပူဇော်ခဲ့ ကြသည်။
ဓမ္မစေတီမင်းကြီး(ကောဇာသက္ကရာဇ် ၈၃၈ ခုနစ်)  လက်ထက်တည်းက ပြုလုပ်လာခဲ့ သော့ မွန်ရိုးရာ ဆွမ်းတစ်ထောင်တင်လှူပူဇော်ပွဲ ကိုယခုနှစ်တွင် (၅၄၁)နှစ်မြောက်ဖြစ်သော်လည်း မွန်လူမျိုးတို့ ကနှစ်စဉ် အလေးထားပူဇော်နေကြဆဲဖြစ်သည်။








No comments:

Post a Comment