ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဟူ၍ မှတ်ပုံတင်မှု ပြုလုပ်ရာ၌ လူမျိုးအစုနှင့် ပတ်သက်၍ သတ်မှတ်ရေးက အဟန့်အတား ဖြစ်နေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာသည့် တစ်သန်း၏ ထက်ဝက်မျှရှိသော ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအနက် လူပေါင်းများစွာတို့က မှတ်ပုံတင်ပေးခြင်းကို ငြင်းဆန်နေကြောင်း သိရသည်။ အခါအားလျော်စွာ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် အဓိကအချက်ဖြစ်သော အဓိကလုပ်ငန်းစဉ်တစ်ရပ် နှေးကွေးနေရခြင်းမှာ ၎င်းတို့၏ မျိုးနွယ်စု အမည်ကို အထောက်အထား မှတ်ပုံတင်မှု၌ ထည့်သွင်းခြင်း မရှိမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်က လွန်ခဲ့သည့် သီတင်းနှစ်ပတ်ကျော်အတွင်း ရောက်ရှိလာသည့် လူပေါင်း ၄၈၀,၀၀၀ ခန့်ကို မှတ်ပုံတင်မှု စတင်ပြုလုပ်ပေးနေပြီ ဖြစ်သော်လည်း ယခုအထိ ယင်းလုပ်ငန်းစဉ်၌ လူပေါင်း ၂၄,၀၀၀ ကိုသာ ပြုလုပ်ပေးနိုင်သေးကြောင်း သိရသည်။
စက်တင်ဘာ ၂၈ ရက်တွင် မှတ်ပုံတင်ဌာနများအတွက် စေ့စပ်ညှိနှိုင်းရေးမှူးများက ဒုက္ခသည်များသည် မြန်မာနိုင်ငံသားဟုသာ ရည်ညွှန်းဖော်ပြသော ပုံစံဖြည့်ရာ၌ ဘာသာစကား အမည်ကို ထည့်သွင်းရန် ကန့်ကွက်ခဲ့ကြသည်ဟု ဆိုသည်။
“ကျွန်တော်တို့ရဲ့ အချက်အလက်တွေအရ နိုင်ငံသားဆိုတာအပြင် သူတို့ရဲ့ ကတ်တွေမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကိုပဲ ဖော်ပြဖို့ လိုလားကြပါတယ်။ အစိုးရရဲ့ ဆုံးဖြတ်ချက်ကတော့ သူတို့ကို မြန်မာနိုင်ငံသားလို့ပဲ ဖော်ပြဖို့ပါ” ဟု ဗိုလ်မှူးကာဘာကီဘရီယာက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များကို မှတ်ပုံတင်မှု ပြုလုပ်ပေးခြင်းသည် အခါအားလျော်စွာ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် အဓိကအချက် ဖြစ်သည်ဟု ရှုမြင်ကြသည်။ မြန်မာအရပ်သား အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အနေဖြင့် အတည်ပြုပြီးသား ဒုက္ခသည်များကိုသာ ပြန်လည်လက်ခံမည်ဟု ပြောကြားခဲ့သောကြောင့် ဖြစ်သည်။
အကူအညီပေးရေး အေဂျင်စီများက အထောက်အပံ့ပစ္စည်းများကို မျှတစွာ ဖြန့်ဝေနိုင်ရေး သေချာစေရန် အတွက်လည်း ယင်းလုပ်ငန်းစဉ်က အရေးကြီးသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၂၅ ရက်မှ စတင်၍ အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသည့် ဘင်္ဂါလီ မွတ်စလင် အရေအတွက်သည် ၄၈၀,၀၀၀ ခန့် ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။
မြန်မာနိုင်ငံတွင် ယခင် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ထွက်ပြေးလာသည့် ဘင်္ဂါလီမွတ်စလင် ၃၀၀,၀၀၀ ထက် မနည်းသည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရှိနှင့်ပြီးဖြစ်သည်။ အဆိုပါ ဘင်္ဂါလီမွတ်စလင်များသည် မျိုးဆက်ပေါင်းများစွာ မြန်မာနိုင်ငံ၌ နေထိုင်ခဲ့သော်လည်း တရားမ၀င် ၀င်ရောက်ခဲ့သူများအဖြစ် သတ်မှတ်ခံရသည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘင်္ဂါလီမွတ်စလင် အနည်းငယ်မျှကိုသာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး အများစုကို အထောက်အထား မရှိသည့် မြန်မာနိုင်ငံသားဟုသာ ရည်ညွှန်းဖော်ပြသည်။
Eleven Media Group
Thursday, September 28, 2017
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဟူ၍ မှတ်ပုံတင်မှု ပြုလုပ်ရာ၌ လူမျိုးအစုနှင့် ပတ်သက်၍ သတ်မှတ်ရေးက အဟန့်အတား ဖြစ်နေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဟူ၍ မှတ်ပုံတင်မှု ပြုလုပ်ရာ၌ လူမျိုးအစုနှင့် ပတ်သက်၍ သတ်မှတ်ရေးက အဟန့်အတား ဖြစ်နေ
Reviewed by Ar Ti
on
8:17 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment