Latest News

Thursday, September 28, 2017

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သတင်းအမှားအတွက် စိတ်ပျက်မိတယ်ဆိုတဲ့ ခန့်စည်သူ

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သတင်းအမှားအတွက် စိတ်ပျက်မိတယ်ဆိုတဲ့ ခန့်စည်သူ

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဖြစ်ပြီဆိုတဲ့ သတင်းကို မှားယွင်းတင်ပြမှုနဲ့ ပတ်သက်ပြီး ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူက နောက်ထပ်မမှားစေချင်ဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရွေးကောက်ပွဲကျင်းပနေစဉ်ကာလအတွင်း သတင်းမီဒီယာတစ်ခုက ဥက္ကဋ္ဌနာမည်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ကြေညာခြင်း မရှိသေးဘဲ သ ရုပ်ဆောင် ခန့်စည်သူက ဥက္ကဋ္ဌ နေ ရာရရှိသွားပြီ ဆိုတဲ့ သတင်း ဖော်ပြမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ သည်လို အမှားဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ခန့်စည်သူက ပြန် လည် ဖြေရှင်းခဲ့ပါတယ်။

“ဒါတွေကိုလဲ ခဏခဏ ပြော ပြီးပါပြီ၊ ဒီလို သတင်းအမှားဖော်ပြ လိုက်တဲ့အတွက် အဲဒီ မီဒီယာက တာဝန်ယူသင့်တယ်လို့ ထင်ပါ တယ်၊ သတင်းဆိုတာ သေချာမှ ထုတ်ပြောသင့်ပါတယ်၊ အခုလိုမျိုး ထင်ယောင်ထင်မှား ဖြစ်သွားတဲ့ အတွက် ကျွန်တော့် အဖွဲ့အစည်းတစ် ခုလဲ ထိခိုက်နစ်နာရပါတယ်၊ ကျွန် တော်က ဘယ်လိုမှ မခံစားရပေမဲ့ အခုဥက္ကဋ္ဌအသစ် ဦးဇင်ဝိုင်းဘက်ကဆိုရင် သတင်းမှားတဲ့အတွက် သူ့စိတ်ထဲမှာ တစ်စုံတစ်ရာ ဖြစ် ချင် ဖြစ်သွားနိုင်တယ်လေ၊ သတင်း မှားတဲ့အတွက် ကျွန်တော်ကတော့ စိတ်ပျက်မိတယ်၊ အရေးယူဖို့က တော့ မရှိသလို ဘာမှလုပ်ဖို့တော့ မရှိပါဘူး၊ ဒါက သူလဲ သတင်းဦး တင်ချင်ဇောနဲ့ တင်လိုက်တာနေမှာပါ၊ တကယ်တမ်းပြောရရင်တာ ဝန်ယူမှု၊တာဝန်ခံမှုဆိုတာ သတင်း သမားတိုင်းမှာ ရှိသင့်တယ်လို့ ထင်ပါတယ်၊ ကျွန်တော်တို့ အတွက်ကတော့ မီဒီယာနဲ့ သရုပ် ဆောင်ဆိုတာ ကိုင်းကျွန်းမှီ၊ ကျွန်း ကိုင်းမှီ နေကြတာ ဖြစ်တဲ့အတွက် အားလုံးကို အနုပညာ ညီအစ်ကို မောင်နှမလိုပဲ သဘောထားပါ တယ်၊ နောက်နောင်ကိုတော့ သတင်းအမှားတွေ မတင်စေချင်ဘူး၊  ထပ်မမှားစေချင်ပါဘူး၊ သေချာ မေးမြန်းပြီး တိကျတဲ့ အဖြေထွက် မှ ကိုယ့်ဘက်က အကောင်းဆုံး တင်ပြသင့်တယ်လို့ ထင်ပါတယ်၊ အခုလို တင်လိုက်တာက သူတစ်ပါးအတွက်လဲ ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်˘ လို့ သရုပ် ဆောင် ခန့်စည်သူ က ပြောပါ တယ်။

လက်ရှိ အချိန်မှာ သရုပ်ဆောင်ခန့်စည်သူက မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ အမှုဆောင် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး နောက်ဆက်တွဲ ဆောင်ရွက်မှုတွေကို ရုပ်ရှင်အစည်းအရုံးအမှုဆောင်  များနဲ့ အတူ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Author /  မိပုံ့

Kumudra

No comments:

Post a Comment