Latest News

Friday, September 15, 2017

စားကျက်မြေအား လုပ်ငန်းရှင် တစ်ဦအကျိုးစီးပွါး အဖြစ်အသုံးပြုနေသည်ကို ၀န်ကြီးချုပ်ထံတိုင်ကြား


စားကျက်မြေအား  လုပ်ငန်းရှင် တစ်ဦအကျိုးစီးပွါး  အဖြစ်အသုံးပြုနေသည်ကို ၀န်ကြီးချုပ်ထံတိုင်ကြား
ကန်ကြီးထောင်မြို့ နယ် နွယ်နီကျေးရွာစားကျက်မြေအားလုပ်ငန်းရှင်တစ်ဦးမှကိုယ်ကျိုးစီးပွားအတွက်အသုံးချနေသည်ဟုဆိုကာ လယ်သမား၃၉ဦးမှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံတင်ပြထားကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။

"ကျွန်တော်တို့ကကျေးရွာပိုင်စားကျက်မြေကို မူလနိုင်ငံတော်ကချထားပေးခဲ့တဲ့အတိုင်းပဲရှိစေခြင်ပါတယ် ဒီစားကျက်ဟာလယ်သမားတွေအတွက် အားကိုးရာဖြစ်သလို ကျွဲ l နွားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့နေရာတစ်ခုလည်းဖြစ်တယ် အခုဦးရွှေလိမ်ကသူပိုင်အဖြစ်လုပ်လိုက်တော့ လယ်သမားတွေအလုပ်မဲ့တယ် စီပွာရေးတွေထိခိုက်တယ် ကျွဲ l နွားတွေအစာအခက်အခဲဖြစ်ကျရတယ် ကျေးရွာပိုင်စားကျက်ကိုတော့ကိုယ်ကျိုးစီးပွားအတွက် ယခုလိုလုပ်နေတာကိုသက်ဆိုင်ရာအစိုးရဌာနများမှထိရောက်စွာအရေးယူပေးစေခြင်ပါတယ်"ဟု ဒေသခံဦးအောင်မျိုးကပြောသည်။

လုပ်ငန်းရှင်ဦးရွှေလိမ်ဆိုသူက   စားကျက်မြေကို ပုဂ္ဂလိကပိုင်စိုက်ခင်းထူထောင်ခြင်း l ဆန်စက်ထည်ခြင်း l ငါးကန်တူးခြင်း l လယ်များကိုကိုယ်ပိုင်စိုက်ပျိုးခြင်းများပြုလုပ်လာသည့်အတွက် လယ်သမားများအလုပ်မဲ့ကာ တိရစ္ဆာန်များစားကျက်ပျောက်ဆုံးနေကြခြင်းဖြစ်သည်ဟု နွယ်နီကျေးရွာအုပ်ချုပ်ရေးမှူးဦးစောလင်းကပြောသည်။
မူလက အဆိုပါစားကျက်မြေဧက(၆၀)ကိုမှီခို၍ ဖန်ခါးကုန်း l မြတ်နီနှင့်အုတ်ပုံစသည့်ကျေးရွာများမှလယ်သမားများသည် လယ်ယာလုပ်ငန်းလုပ်ကိုင်ခြင်း ကျေးရွာများမှ ကျွဲl နွားများကိုလွတ်ကြောင်းခြင်းတို့ကိုဆောင်ရွက်ခဲ့ ကြသည်ဟလည်ုးဒေသခံများကပြောသည်။

ယခုအခါ ဦးရွှေလိမ်က မိမိပိုင်ဆိုင်သည်ဟုဆိုကာ  ခြံစည်းရီုးကာထားပြီး ကျွဲ နွားများ ၀င်ရောက်ပါကလျော်ကြေးများတောင်းခြင်း l ဒဏ်ရိုက်ခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။
ဝန်ကြီးချုပ်ထံ တိုင်ကြားထားခြင်းခံရသူဦးရွှေလိမ်က"စားကျက်မြေမှကျူးကျော်နေတယ်ဆိုတာ မဟုတ်ပါဘူး အစိုရဌာနအဆင့်ဆင့်ကစစ်ဆေးပြီးလုပ်ပိုင်ခွင့်ကိုချထားပေးတာပါ ဒီစားကျက်မြေကိုပုဂ္ဂလိကပိုင်အဖြစ်လျောက်ထားတာငွေဆယ်သိန်းကုန်ပါတယ် ဒီမြေပေါ်မှာအဆောက်အအုံတွေအတည်တကျရှိလာအောင်မနည်းကြိုးစားလာခဲ့ရတာပါ အချိန်အကြာကြီးလုပ်ကိုင်လာပြီးမှပြန်ပြီးစွန့်လွတ်ပေးရမယ်ဆိုတာမဖြစ်နိုင်ပါဘူး"ဟုတုန့် ပြန်ပြောဆိုသည်။
ဒေသခံများတိုင်ကြားထားမှုအပေါ်ဧရာဝတီတိုင်းဒေသကြီ အစိုးရအဖွဲ့ နင့်တာဝန်ရှိသူများအနေဖြင့်ယနေ့အထိလာရောက်ကွင်းစင်းစစ်ဆေးခြင်းမရှိသေးပေ။
ထက်ဝဠာမင်း

No comments:

Post a Comment