Latest News

Friday, September 15, 2017

လူဦးရေကိုးသောင်းကျော်အတွက် ရေတွင်းရေကန် ၁၂၀ တည်ဆောက်ပေးမည်


လူဦးရေကိုးသောင်းကျော်အတွက် ရေတွင်းရေကန် ၁၂၀ တည်ဆောက်ပေးမည်
၂၀၁၇-၁၈ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းက လူဦးရေကိုးသောင်းကျော်အတွက် ရေတွင်းရေကန် ၁၂၀ တည်ဆောက်ပေးမည်ဟု တိုင်းဒေသကြီးကျေးလက်ဒေသဖွံ ဖြိုးရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးသန်းကပြောသည်။

တိုင်းဒေသကြီးအတွင်းမြို့နယ်ပေါင်း၂၆မြို့နယ်မှသွားလာရန်ခက်ခဲပြီးလမ်းပန်းဆက်သွယ်ရေးမလွယ်ကူသော ဒေသများနှင့် နွေရာသီရေရှားပေးသော ဒေသများရှိကျေးရွာပေါင်း ၁၂၀ ရွာအိမ်ခြေအလုံးပေါင်း ၂၁၈၂၇လုံး လူဦးရေ ၉၄၁၇၁ အတွက်ရေတွင်းရေကန်ပေါင်း ၁၂၀ကို တည်ဆောက်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းကိုအကောင်ထည်ဖော်နိုင်ရန်ကျေးလက်ဒေသနွေရာသီသောက်သုံးရေပေးဝေရေးနိုင်ငံတော်အစီအစဉ်ဖြင့်ငွေကျပ်သန်းပေါင်း၁၂၄၇ဒသမ၁၈၈သန်းကျခံသုံးစွဲသွားမည်ဟု ဦးစိုးသန်းပြောသည်။
“အခုစီမံကိန်းတွေကပြည်သူအခွန်ဘဏ္ဍာကရတဲ့ငွေတွေကိုနိုင်ငံတော်ကကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဖို့လုပ်ဆောင်ပေးတာပါပြည်သူတွေကမိမိတို့ပိုင်ပစ္စည်းများလိုထိမ်းသိမ်းပေးပါဒီပစ္စည်းတွေမပျက်စီးဖို့ကိုလဲပါဝင်ကူညီကြပါ ဖျက်ဆီးတဲ့သူရှိရင်လည်းဝိုင်းဝန်းတားဆီးပြီးကျေးရွာပိုင်းနဲ့မနိုင်တဲ့ကိစ္စတွေကိုကျွန်တော်တို့ကျေးလက်ဌာနတွေကိုဆက်သွယ်တင်ပြနိုင်ပါတယ်"ဟု၎င်းကပြောသည်။

တည်ဆောက်ပေးမည့် ရေတွင်းရေကန် (၁၂၀)တွင် အ၀ီစီတွင်းနက် တွင်းတိမ်များ လက်တူးတွင်းများ ရေလှောင်ကန်များ နှင့် သောက်သုံးရေသိုလှောင်မည့်အဆောက်အအုံများလည်းပါဝင်မည်ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှကျေးရွာအများစုသည်နွေရသီရောက်တိုင်းရေရှားပါးမှုပြဿနာကို
နှစ်စဉ်ကြုံတွေ့ နေကြရသည်။
ထက်ဝဠာမင်း

No comments:

Post a Comment