Latest News

Friday, September 8, 2017

လွှတ်တော်အမတ် နှစ်ဦး တရားစွဲဆိုမှု နှင့် ဆက်စပ်ပြီး အခြားကိုယ်စားလှယ်တွေသတိထားဖို့  လွှတ်တော်ဥက္ကဌ သတိပေး

လွှတ်တော်အမတ် နှစ်ဦး တရားစွဲဆိုမှု နှင့် ဆက်စပ်ပြီး အခြားကိုယ်စားလှယ်တွေသတိထားဖို့  လွှတ်တော်ဥက္ကဌ သတိပေး



ညောင်တုန်းမဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး တရားစွဲဆို ခံရခြင်းနှင့်ပတ်သတ်ပြီး အခြားကိုယ်စားလှယ်တွေ ပါ သတိထားဖို့ လွှတ်တော် ဥက္ကဌ ဦးအောင်ကျော် ခိုင်က သတိပေးပြောဆိုလိုက်သည်။

"ကောင်းပါတယ်။ ကိုယ်စားလှယ်တွေလည်း အခုလိုတရားစွဲခံရတာ ပထမဆုံးဖြစ်သလို အတွေ့အကြုံလည်းရသွားတာပေါ့ ။နောက်ကိုယ်စားလှယ်တွေ လုပ်ငန်းများဆောင်ရွက်တဲ့အခါမှာ သတိကြီးစွာရှိသွားတာပေါ့။"ဟု ၄င်းကပြောသည်။

နစ်နာကြေးငွေကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုနှင့် ကိုယ်စားလှယ် နှစ်ဦး အပါဝင် ဌာနဆိုင်ရာဝန်ထမ်း သုံးဦးနှင့် အရပ်သားနှစ်ဦးကို ပင်လုံရတနာ ဖွံ့ ဖြိုးတိုးတက်ရေးကုမ္ပဏီကတရားဆွဲဆိုထားခြင်းဖြစ်သည်။

ပင်လုံရတနာကုမ္ပဏီလီမီတက်က ငါးကန်လုပ်ရန်အတွက် ညောင်တုန်းမြို့နယ် သဇင်ချောင်းကျေးရွာရှိ လယ်မြေနှင့်မြေရိုင်း စုစုပေါင်းဧက(၁၁၅၀.၄၀)အား ဝယ်ယူခဲ့ပြီး ညောင်တုန်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦး အခြားဌာနဆိုင်ရာ(၃)ဦး အရပ်သားကော်မတီဝင်(၂)ဦးပါဝင်သော မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီးအား ဒေသခံများ၏တိုင်တန်းချက်အရ စစ်ဆေးတိုင်းတာခဲ့ရာဧကပေါင်း(၁၂၃၃.၇၄)ဧကတိုင်းတာတွေ့ရှိခဲ့သည်။

ထိုတွေ့ရှိမှုအပေါ်အခြေခံ၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီမှ ကော်မတီအတွင်းအစည်းဝေးဆုံးဖျက်ရယူကာ ကုမ္ပဏီမှဝယ်ယူထားသော မြေဧကထက်ကျော်လွန်၍ယူထားသည်ဟုဆိုကာ ထိုကျော်လွန်မြေများအားဒေသခံပြည်သူများကို ပြန်လည်ပေးဆောင်ရန်အတွက် လုပ်ဆောင်နေစဉ် ပင်လုံရတနာဖွံ့ဖြိုးတိုးကတက်ရေးကုမ္ပဏီမှ ကိုယ်စားလှယ်နှစ်ဦးပါမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီအား ငွေကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း
ကိုယ်စားလှယ်နှစ်ဦးကပြောသည်။

ရေလုပ်သားငယ်များကိုငါးဖမ်းခွင့်မပေးတာကြောင့် ဒေသခံရေလုပ်သားငယ်များနှင့်  ကုမ္ပဏီကြားအငြင်းပွားမှုအတွက်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ကွင်းဆင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ တာကို ယခုလို တရားစွဲထားတာဖြစ်ကြောင့်း ညောင်တုန်းမဲဆန္ဒနယ်ကတိုင်းဒေသကြီးလွှတ်တော် ဦးကျော်ဆန်းကပြောသည်။

ပင်လုံရတနာ ဖွံ့ ဖြိုးတိုးတက်ရေးကုပ္မဏီကဒါရိုက်တာ ဦးမြင့်သန်းကတော့ “ညောင်တုန်းကိုယ်စားလှယ်နှစ်ဦးနဲ့  ဌာနဆိုင်ရာတွေရဲ့ ဖိနှိပ်တာကိုမခံရပ်နိုင်တော့လို့ တရားစွဲတာဖြစ်တယ်လို့ စက်တင်ဘာလ(၈)
ရက်နေ့ တွင် တုံ့ ပြန်ပြောဆိုထားသည်။
ယခုလို လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် ဌာနဆိုင်ရာများကို တရားစွဲဆိုမှုသည်အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် အစိုးရသစ်လက်ထက်တွင် ပထမဆုံးဖြစ်သည်။
ထက်ဝဠာမင်း

No comments:

Post a Comment