Latest News

Friday, September 22, 2017

ေဒၚေအာင္ဆန္းစုၾကည္ ခက္ခဲစြာ ရပ္တည္ေနရေၾကာင္း ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ေဟာင္း ကာကြယ္ေရးသား


ေဒၚေအာင္ဆန္းစုၾကည္ ခက္ခဲစြာ ရပ္တည္ေနရေၾကာင္း ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ေဟာင္း ကာကြယ္ေရးသား

နိုင္ငံေရး အၾကပ္အတည္းမ်ားၾကားက ေဒၚေအာင္ဆန္းစုၾကည္ / ဧရာဝတီ

Want create site? Find Free WordPress Themes and plugins.
New York Times သတင္းစာႀကီးရဲ့ အေတြးအျမင္က႑မွာ ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ေဟာင္း တာဝန္ကို ယူခဲ့ၿပီး Asia Society Policy Institute ရဲ့ ဥကၠ႒တာဝန္ယူထားတဲ့ Kevin Rudd က ေဒၚေအာင္ဆန္းစုၾကည္ရဲ့ မိန႔္ခြန္းဟာ သမာသမတ္ က်ၿပီး ၂ ဖက္ကို အတိမ္းအေစာင္းမရွိေအာင္ ရပ္တည္ၿပီး ေျပာၾကားသြားခဲ့ရတာျဖစ္ေၾကာင္း ေရးသားခဲ့ပါတယ္။

သူမဟာ တပ္မေတာ္ဘက္က ၿငိဳျငင္ေဝဖန္မွာကိုေရာ လူ႔အခြင့္အေရးလွုံ႔ေဆာ္လွုပ္ရွားသူေတြရဲ့ တိုက္ခိုက္မွုကိုေရာ ၂ ဖက္အၾကားမွာ ခက္ခက္ခဲခဲ ရပ္တည္ၿပီး ေျပာခဲ့ရတယ္လို႔ သုံးသပ္သြားပါတယ္။

လူ႔အခြင့္အေရးခ်ိဳးေဖာက္ခဲ့သူေတြကို ဥပေဒအရ ကိုင္တြယ္မယ္လို႔ သူမကေျပာခဲ့တာဟာ အာဏာကိုေသနတ္နဲ႔ ဆက္လက္ ကိုင္ထားဆြဲထားတဲ့ တပ္မေတာ္ၾကားထဲက ေျပာခဲ့တာဟာ သတၱိရွိတာပဲလို႔ ခ်ီးမြမ္းခဲ့ပါတယ္။

တပ္မေတာ္ထဲမွာ ေခါင္းမာတဲ့သူေတြဟာ အစိုးရရဲ့ အုပ္ခ်ဳပ္ေရးပါဝါအာဏာကို လုံးဝျပန္လိုခ်င္ေနတယ္လို႔ Kevin Rudd ကေရးသားခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ဟာ ရခိုင္ျပည္နယ္က အေျခအေနကို ေရရွည္အေျဖရွာေပးခ်င္သူပဲ ျဖစ္တယ္လို႔ သုံးသပ္ေဝဖန္ခဲ့ပါတယ္။

ဒါေၾကာင့္ ကိုဖီအာနန္ကို ဖိတ္ၾကားကာ အဲဒီေကာ္မရွင္က ထုတ္တဲ့အႀကံျပဳခ်က္ကို ႀကိဳဆိုခဲ့ၿပီး အေကာင္အထည္ေဖာ္ဖို႔ သူမဟာ က်ိဳးစားေနတာလို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ခ်ီးက်ဴးခဲ့ပါတယ္။

တပ္မေတာ္အေနနဲ႔ကေတာ့ ဗုဒၶဘာသာ ျမန္မာလူမ်ိဳးအမ်ားစုရဲ့ ရိုဟင္ဂ်ာမြတ္ဆလင္ ဆန႔္က်င္ေရးကို မဟာဗ်ဴဟာတရပ္ အေနနဲ႔ ႀကိဳးဆြဲခဲ့သလို၊ ရိုဟင္ဂ်ာေတြကို ေမာင္းထုတ္ခဲ့တဲ့အတြက္လဲ ေဒၚေအာင္ဆန္းစုၾကည္ကို ျမန္မာလူမ်ိဳးေတြက ဘယ္လို ျမင္သလဲဆိုတာကိုလဲ ျပခဲ့ပါတယ္။

ဒါ့အျပင္ နိုင္ငံတကာရဲ့အျမင္မွာလည္း သူမဟာ အားနည္းသူ ေပ်ာ့ညံ့သူအထင္ ျမင္ေအာင္လည္း လုပ္ျပနိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

နိုင္ငံတကာကလည္း ျပႆနာႀကီး ၂ခုကို ၾကဳံရပါတယ္။ ပထမကေတာ့ ရခိုင္ျပည္နယ္ကို လူမွုကူညီကယ္ဆယ္ေရး အေထာက္အပံ့ေတြ ေပးဖို႔နဲ႔ ဒုတိယကေတာ့ တပ္မေတာ္ရဲ့ အေသအခ်ာျပင္ဆင္ထားတဲ့ မဟာဗ်ဴဟာနဲ႔ ေဒၚေအာင္ ဆန္းစုၾကည္ကို ျပည္တြင္းမွာေရာ ျပည္ပမွာေရာ ဟန႔္တားဖို႔နဲ႔ တပ္မေတာ္ရဲ့ အုပ္ခ်ဳပ္မွုပုံစံမ်ိဳး ျပန္ရေအာင္ လုပ္တဲ့ အေနအထား အခက္အခဲပဲျဖစ္တယ္လို႔ Kevin Rudd က သုံးသပ္ပါတယ္။

ဒါေၾကာင့္ ရခိုင္ျပည္က ရိုဟင္ဂ်ာအက်ပ္အတည္းကို နိုင္ငံတကာက ကူညီဖို႔လိုသလို၊ ျမန္မာရဲ့ ခေနာ္ခနဲ႔ ယိုင္နဲ႔နဲ႔ ျဖစ္ေနတဲ့ လူလားမေျမာက္ေသးတဲ့ ဒီမိုကေရစီကိုလဲ ကူညီဖို႔ လိုအပ္တယ္လို႔ သုံးသပ္သြားခဲ့ပါတယ္။
Irrawaddy
https://burma.irrawaddy.com/news/2017/09/22/143170.html

.......................
ဒေါ်အောင်ဆန်းစုကြည် ခက်ခဲစွာ ရပ်တည်နေရကြောင်း သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း ကာကွယ်ရေးသား

နိုင်ငံရေး အကြပ်အတည်းများကြားက ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

Want create site? Find Free WordPress Themes and plugins.
New York Times သတင်းစာကြီးရဲ့ အတွေးအမြင်ကဏ္ဍမှာ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း တာဝန်ကို ယူခဲ့ပြီး Asia Society Policy Institute ရဲ့ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ Kevin Rudd က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းဟာ သမာသမတ် ကျပြီး ၂ ဖက်ကို အတိမ်းအစောင်းမရှိအောင် ရပ်တည်ပြီး ပြောကြားသွားခဲ့ရတာဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

သူမဟာ တပ်မတော်ဘက်က ငြိုငြင်ဝေဖန်မှာကိုရော လူ့အခွင့်အရေးလှုံ့ဆော်လှုပ်ရှားသူတွေရဲ့ တိုက်ခိုက်မှုကိုရော ၂ ဖက်အကြားမှာ ခက်ခက်ခဲခဲ ရပ်တည်ပြီး ပြောခဲ့ရတယ်လို့ သုံးသပ်သွားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတွေကို ဥပဒေအရ ကိုင်တွယ်မယ်လို့ သူမကပြောခဲ့တာဟာ အာဏာကိုသေနတ်နဲ့ ဆက်လက် ကိုင်ထားဆွဲထားတဲ့ တပ်မတော်ကြားထဲက ပြောခဲ့တာဟာ သတ္တိရှိတာပဲလို့ ချီးမွမ်းခဲ့ပါတယ်။

တပ်မတော်ထဲမှာ ခေါင်းမာတဲ့သူတွေဟာ အစိုးရရဲ့ အုပ်ချုပ်ရေးပါဝါအာဏာကို လုံးဝပြန်လိုချင်နေတယ်လို့ Kevin Rudd ကရေးသားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်က အခြေအနေကို ရေရှည်အဖြေရှာပေးချင်သူပဲ ဖြစ်တယ်လို့ သုံးသပ်ဝေဖန်ခဲ့ပါတယ်။

ဒါကြောင့် ကိုဖီအာနန်ကို ဖိတ်ကြားကာ အဲဒီကော်မရှင်က ထုတ်တဲ့အကြံပြုချက်ကို ကြိုဆိုခဲ့ပြီး အကောင်အထည်ဖော်ဖို့ သူမဟာ ကျိုးစားနေတာလို့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးခဲ့ပါတယ်။

တပ်မတော်အနေနဲ့ကတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးအများစုရဲ့ ရိုဟင်ဂျာမွတ်ဆလင် ဆန့်ကျင်ရေးကို မဟာဗျူဟာတရပ် အနေနဲ့ ကြိုးဆွဲခဲ့သလို၊ ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့တဲ့အတွက်လဲ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာလူမျိုးတွေက ဘယ်လို မြင်သလဲဆိုတာကိုလဲ ပြခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာရဲ့အမြင်မှာလည်း သူမဟာ အားနည်းသူ ပျော့ညံ့သူအထင် မြင်အောင်လည်း လုပ်ပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာကလည်း ပြဿနာကြီး ၂ခုကို ကြုံရပါတယ်။ ပထမကတော့ ရခိုင်ပြည်နယ်ကို လူမှုကူညီကယ်ဆယ်ရေး အထောက်အပံ့တွေ ပေးဖို့နဲ့ ဒုတိယကတော့ တပ်မတော်ရဲ့ အသေအချာပြင်ဆင်ထားတဲ့ မဟာဗျူဟာနဲ့ ဒေါ်အောင် ဆန်းစုကြည်ကို ပြည်တွင်းမှာရော ပြည်ပမှာရော ဟန့်တားဖို့နဲ့ တပ်မတော်ရဲ့ အုပ်ချုပ်မှုပုံစံမျိုး ပြန်ရအောင် လုပ်တဲ့ အနေအထား အခက်အခဲပဲဖြစ်တယ်လို့ Kevin Rudd က သုံးသပ်ပါတယ်။

ဒါကြောင့် ရခိုင်ပြည်က ရိုဟင်ဂျာအကျပ်အတည်းကို နိုင်ငံတကာက ကူညီဖို့လိုသလို၊ မြန်မာရဲ့ ခနော်ခနဲ့ ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ လူလားမမြောက်သေးတဲ့ ဒီမိုကရေစီကိုလဲ ကူညီဖို့ လိုအပ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။
Irrawaddy

No comments:

Post a Comment