Latest News

Wednesday, September 27, 2017

ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းအတွက် ငွေကျပ် နှစ်ဘီလီယံကျော် သုံးမည်

ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းအတွက် ငွေကျပ် နှစ်ဘီလီယံကျော် သုံးမည်

နေပြည်တော်၊ စက်တင်ဘာလ (၂၇) ရက်

ရခိုင်ပြည်နယ် အတွင်း ပြန်လည် နေရာ ချထားရေးတွေ စတင် ဆောင်ရွက်ဖို့ အတွက် နိုင်ငံတော်ငွေ ကျပ် နှစ်ဘီလီယံကျော် အထိ သုံးစွဲဖို့ ခန့်မှန်းထားပြီး ဌာန ပေါင်းစုံနဲ့ ပြန်လည် ထူထောင်ရေးတွေ အမြန်ဆုံး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

`နေရာ ချထားပေးတဲ့ အခါ ၁၉၉၃ မူနဲ့ပဲ လက်ခံမယ်လို့ အားလုံး သဘောတူ ထားကြပါတယ်။ ဒါနဲ့ ပတ်သက် ပြီးလည်း အဖွဲ့ တွေ ခွဲပြီး ဆောင်ရွက်မယ် ဆိုတော့ အဆင်ပြေအောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်` လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး က ပြောပါတယ်။

အခုလို ပြန်လည် နေရာ ချထားရေးတွေ ဆောင်ရွက်တဲ့ အခါ ကုန်းလမ်းဘက်မှာ ဆိုရင် တောင်ပြို လက်ဝဲဘက် ကနေ လက်ခံသွားမှာ ဖြစ်ပြီး ရေလမ်းအနေနဲ့ ကတော့ ငခူရ ဘက်ကနေ လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြန်လည် နေရာချထားဖို့ အတွက် စီစစ်မှုတွေ ကိုတော့ ဓါးကြီးစားကျေးရွာ ကနေ စီစစ် လက်ခံမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Author / Photo - မာရီခိုင်
Kumudra

No comments:

Post a Comment