Latest News

Wednesday, September 27, 2017

ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ အထိ စားနပ်ရိက္ခာ အကူအညီပေးနိုင်ရန် ကုလသမဂ္ဂက စီစဉ်နေ

ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ အထိ စားနပ်ရိက္ခာ အကူအညီပေးနိုင်ရန် ကုလသမဂ္ဂက စီစဉ်နေ

ပြီးခဲ့သည့်တစ်လအတွင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီမွတ်စလင် ၄၈၀,၀၀၀ နှင့် ယခင်ရှိဆဲ ဒုက္ခသည်များပေါင်း၍ ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ထိအား ကျွေးမွေးနိုင်ရန် အရေးပေါ် အစီအစဉ်တစ်ရပ်ကို ကုလသမဂ္ဂက ရေးဆွဲနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP မှ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များ လာမည့်သီတင်းပတ်များအတွင်း ဆက်လက်ရောက်ရှိနေပါက စားနပ်ရိက္ခာနှင့် အခြားအရေးပေါ် အကူအညီများပေးနိုင်ရန် WFP က ပြင်ဆင်ထားကြောင်း အဆိုပါ အကြီးတန်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

“ကုလသမဂ္ဂအေဂျင်စီတွေ အားလုံးပေါင်းပြီး စုပြုံဝင်ရောက်လာသူ ၇၀၀,၀၀၀ အတွက် အစီအစဉ်တစ်ရပ် ချမှတ်နေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်ရှိ WFP ၏ ဒုတိယဥက္ကဋ္ဌ ဒီပါယံဘာတာချာရာက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ သြဂုတ်လ ၂၅ ရက်မှစပြီး ဘင်္ဂါလီမွတ်စလင်များ ဘင်္ဂလားဒေ့ရှ်သို့ အစုအပြုံလိုက် ၀င်ရောက်ခဲ့ကြပြီး ရှိဆဲဒုက္ခသည်များနှင့်ပေါင်းကာ ဘင်္ဂါလီ မွတ်စလင် ၇၀၀,၀၀၀ ထိ ရှိလာခဲ့သည်ဟု ကုလသမဂ္ဂက ဆိုထားသည်။

ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာ ရရှိမှုအခြေအနေ တိုးတက်လာပြီး WFP နှင့် အခြားအေဂျင်စီများမှ စားနပ်ရိက္ခာအကူအညီများသည် ရောက်ရှိလာနေပြီဖြစ်ကြောင်း ဘာတာချာရာက ပြောကြားခဲ့သည်။

ယခုနောက်ဆုံး ၀င်ရောက်လာသူများ မတိုင်မီ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်တွင် ဘင်္ဂါလီမွတ်စလင် ၃၀၀,၀၀၀ ခန့်အား အကူအညီများပေးရန်လည်း စီစဉ်ထားကြောင်း ဘာတာချာရာက ပြောကြားခဲ့သည်။

ကြီးမားလှသည့် စားနပ်ရိက္ခာ အကူအညီလုပ်ငန်းအတွက် WFP သည် ဒေါ်လာသန်း ၈၀ အထိလိုအပ်မည်ဟု ဘာတာချာရာက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment