Sunday, September 24, 2017
ညောင်းတုန်းတွင် ပင်လုံရတနာကုမ္ပဏီကို ဆန္ဒပြ
ညောင်းတုန်းတွင် ပင်လုံရတနာကုမ္ပဏီကို ဆန္ဒပြ
ပင်လုံရတနာ ဖွံ့ဖြိုးရေးကုမ္ပဏီ အနေနှင့် နိုင်ငံပိုင်မြေများ လုပ်ကိုင်ခွင့် ရရှိသည်ထက် ကျူးကျော်လုပ်ကိုင်ခြင်းနှင့် ဒေသခံ ရေလုပ်သားများ လုပ်ကိုင်ခွင့်ရ အင်းချောင်းများကို တာပတ်၍ ငါးကန်ပြုလုပ်သည် ဆိုသော ကနဦးသတင်းအရ လုပ်ထုံး လုပ်နည်းအတိုင်း စစ်ဆေးခဲ့သည့် ညောင်တုန်းမြို့နယ် လွှတ်တော်အမတ်နှင့် နိုင်ငံ့ဝန်ထမ်းများကို ကုမ္ပဏီက အမှုဖွင့်တိုင်ကြား၍ မကျေနပ်သဖြင့် မြို့နယ် ၇ မြို့နယ်မှ တောင်သူများ၊ ရေလုပ်သားများက ယနေ့ (စက်တင်ဘာလ ၂၄ ရက်) နံနက်ပိုင်းက ပုသိမ်တွင် ဆန္ဒပြခဲ့ကြသည်။
တိုင်းလွှတ်တော်အမတ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ တောင်သူ၊ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ တာဝန်ရှိသူများ ကုမ္ပဏီမြေအတွင်း တိုင်းထွာစစ်ဆေးမှုများ ပြုလုပ်ခဲ့သဖြင့် နစ်နာမှုရှိ၍ ကျပ်သိန်းနှစ်သောင်း ပေးလျော်ရန် စက်တင်ဘာ ၈ ရက်က ယင်းကုမ္ပဏီဒါရိုက်တာ ဦးမြင့်သန်းက တိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းကိစ္စအပေါ် မကျေနပ်သည့် ညောင်းတုန်းမြို့နယ် ကျေးရွာ၊ ရပ်ကွက် ၅၄ အုပ်စုမှ ပြည်သူများ အပါအဝင် ဓနုဖြူ၊ ဇလွန်၊ သာပေါင်း၊ ကန်ကြီးတောင့်၊ ကျောင်းကုန်း၊ ပန်းတနော်၊ မအူပင် မြို့နယ်များမှ တောင်သူများ၊ ရေလုပ်သားများက စုပေါင်းဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ - မောင်မျိုးထက်
The Voice
ညောင်းတုန်းတွင် ပင်လုံရတနာကုမ္ပဏီကို ဆန္ဒပြ
Reviewed by Ar Ti
on
2:18 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment