ဧရာဝတီတိုင်းအတွင်းက ရဲတပ်ဖွဲ့ဝင်များကို အခြေခံစစ်နည်းဗျူဟာသင်တန်းပေးနေ
ဧရာဝတီတိုင်းအတွင်းက ရဲတပ်ဖွဲ့ဝင်များကို တပ်မတော်က အခြေခံစစ်နည်းဗျူဟာ သင်တန်းပေးနေတယ်လို့ အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့ မဲဇလီကုန်းနယ်မြေရဲစခန်း ဒုတပ်ကြပ်တဦးက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသမှာရှိတဲ့ အမှတ် ၅ တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်းကနေ ဧရာဝတီတိုင်းအတွင်းထဲက ရဲတပ်ဖွဲ့ဝင်တွေကို အခြေခံ စစ်နည်းဗျူးဟာနဲ့ လက်နက်ငယ် သင်တန်းကို ဒုတိယအကြိမ် ၁ လလောက် သင်တန်းပေးနေတာပါ။
“ကျနော်တို့က ရုံးအဖွဲ့အနေနဲ့ ပါဝင်ရပါတယ်။ ခုလောလောဆယ်တော့ တိုင်းတွင်းရဲတပ်ဖွဲ့ ၅၀ ကျော်ကို တပ်မတော်က သင်တန်းပေးတာပါ။ အဓိကတော့ အခြေခံ စစ်နည်းဗျူဟာတွေနဲ့ လက်ငယ်တွေ ပြုပြင်နိုင်စွမ်းရည်ဆိုင်ရာ သင်တန်းတွေ ပေးနေတာပါ။ ပြီးတော့ မြေပြင်တိုက်ပွဲဝင်တာတွေကို လက်တွေ့စာတွေ့တွေပါ သင်ပေးနေတာပါဗျာ”လို့ အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့ မဲဇလီကုန်းနယ်မြေရဲစခန်း ဒုတပ်ကြပ်ဇော်ထက်က ဒီဗွီဘီကို ပြောပါတယ်။
စာတွေ့လက်တွေ့တွေကို တပ်မတော်က တန်းမြှင့်ကျောင်း ကျောင်းအုပ်ကြီးပါ အနီးကပ်ကြပ်မတ်မှုတွေနဲ့ သင်ကြားနေရတာလို သိရပါတယ်။
သတင်း – သန်းထိုက်မြင့်
DVB
No comments:
Post a Comment