Latest News

Saturday, September 23, 2017

ရန်ကုန်စာအုပ်လမ်း နိုဝင်ဘာတွင် ပြန်ဖွင့်မည်

ရန်ကုန်စာအုပ်လမ်း နိုဝင်ဘာတွင် ပြန်ဖွင့်မည်

 ရန်ကုန်စာအုပ်လမ်း (Yangon Book Street)ကို နိုဝင် ဘာတွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများအ သင်း အတွင်းရေးမှူးဦးမြင့်ထွန်း က ပြောသည်။

‘‘ပြန်ဖွင့်ဖို့အစီအစဉ်က တော့ ကျိန်းသေပါတယ်။ ခန့်မှန်း ခြေက နိုဝင်ဘာ ပထမပတ်တော့ ပြန်ဖွင့်ဖို့ကြိုးစားနေတယ်’’ ဟု ၎င်းကပြောသည်။

စာအုပ်လမ်းပြန်လည်ဖွင့် လှစ်ရန်ပြန်ကြားရေးဝန်ကြီးဌာန နှင့် မြို့တော်စည်ပင်တို့နှင့်ပူး ပေါင်းညှိနှိုင်းပြီး အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း ဦးမြင့် ထွန်းက ပြောသည်။

‘‘အစည်းအဝေးအားလုံးခေါ် ပြီး ဆိုင်ခန်းအနေအထားတွေ၊ ဆိုင်ခန်းတန်ဖိုးတွေ၊ ဆိုင်ခင်းရ မယ့်စည်းကမ်းချက်တွေ အသေး စိတ်ညှိနှိုင်းပြီးတော့မှ စာအုပ်ဆိုင် တွေကို ဖိတ်ခေါ်ရမှာပါ’’ ဟု ဦး မြင့်ထွန်းက ပြောသည်။

ရန်ကုန်စာအုပ်လမ်းကို အ နော်ရထာလမ်းနှင့် မဟာဗန္ဓုလ လမ်းကြားသိမ်ဖြူလမ်းမပေါ်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ တိုင်း နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်မည်ဖြစ်သည်။

‘‘ပြန်ကြားရေးဘက်က အစည်းအဝေးခေါ်ပြီးတာနဲ့ ဆိုင်ခန်းတွေဖိတ်ခေါ်ပြီး မဲနှိုက်နေရာချပြီးတာနဲ့ဖွင့်လို့ရပြီ’’ ဟု ဦးမြင့်ထွန်းကပြောသည်။

ရန်ကုန်စာအုပ်လမ်းကို ပြန် ကြားရေးဝန်ကြီးဌာနဦးဆောင်မှု ဖြင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီး ဌာနနှင့် မြန်မာနိုင်ငံစာပေထုတ် ဝေသူနှင့်ဖြန့်ချိသူများအသင်းတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။

 ရန်ကုန် စာအုပ်လမ်းကို ပထမအကြိမ် ဖွင့်လှစ်ခဲ့ရာ စာ အုပ်ဆိုင်ခန်း ၁၆၀ ကျော်မှ ဗဟု သုတစာအုပ်များ၊ ပညာရပ်ဆိုင် ရာစာအုပ်၊ ကလေးစာပေ၊ စာ အုပ်အဟောင်းများ၊ ကဗျာ၊ အက်ဆေး၊ ဘာသာပြန်စာအုပ် များ၊ ပြဇာတ်စာပေများ၊ သရော် စာများနှင့် ဈေးကွက်ဝင်စာပေ များအပါအ၀င် အမျိုးအစားစုံလင် စွာ ရောင်းချခဲ့သည်။

အဆိုပါရန်ကုန်စာအုပ်လမ်း ကို ၂၀၁၇ ဇန်န၀ါရီကစတင်ဖွင့် လှစ်ပြီး ဧပြီတွင် ယာယီပိတ်သိမ်း ခဲ့သည်။

7Day News

No comments:

Post a Comment