Latest News

Wednesday, September 27, 2017

ဘူးသီးတောင်မြို့နယ်အတွင်း ကျောင်းပေါင်း ၂၀ ဖွင့်ထားပြီး ဖြစ်သော်လည်း ကျောင်းပေါင်း ၂၀၀ ကျော် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေး

ဘူးသီးတောင်မြို့နယ်အတွင်း ကျောင်းပေါင်း ၂၀ ဖွင့်ထားပြီး ဖြစ်သော်လည်း ကျောင်းပေါင်း ၂၀၀ ကျော် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း ကျောင်းပေါင်း ၂၀ ဖွင့်ထားပြီးဖြစ်သော်လည်း ကျောင်းပေါင်း ၂၀၀ ကျော် ပြန်လည် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ARSA ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် ကျေးရွာများနှင့် အခြားသော အခြေခံပညာကျောင်းများ သြဂုတ် ၂၅ ရက်နောက်ပိုင်းမှစ၍ ပိတ်ထားရပြီး ဆရာ၊ ဆရာမများ အနေဖြင့်လည်း ဘေးကင်း လုံခြုံရာသို့သွားရောက်ခဲ့ရသည့်အတွက် ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ လွန်ခဲ့သော စက်တင်ဘာ ၁၂ ရက်မှစ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြို့ပေါ်ကျောင်းနှင့် အနီးဝန်းကျင်ကျောင်း ၂၀ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ထံမှ သိရသည်။

“အခုလောလောဆယ် ကျောင်း ၂၀ ကို ဖွင့်လှစ်နိုင်ပြီဖြစ်တယ်။ နောက်ပြီး ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် ရောက်ရှိလာခဲ့တဲ့ မိသားစုတွေထဲမှာ ပါလာတဲ့ ကျောင်းသား ၅၅၀ ကျော်အတွက်လည်း သီးသန့် ကျောင်းတစ်ကျောင်း ဖွင့်လှစ်ပြီး ပညာ သင်ကြားနေပြီဖြစ်တယ်။ ဒါပေမဲ့ ရခိုင်နဲ့ တိုင်းရင်းသားတွေ သီးသန့်တက်နေရောက်တဲ့ ကျောင်း ၁၀၀ လောက်နဲ့ ဘင်္ဂါလီနဲ့ တိုင်းရင်းသားတွေ ပေါင်းပြီးတက်ရောက်တဲ့ ကျောင်း ၁၀၀ လောက်ကတော့ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။ လုံခြုံရေးအခြေအနေနဲ့ တည်ငြိမ်အေးချမ်းမှ ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်တယ်” ဟု ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးညွန့်ဖေက ပြောကြားသည်။

ဘူးသီးတောင်မြို့နယ်အတွင်း အခြေခံပညာ ကျောင်းပေါင်း ၂၂၁ ကျောင်း ရှိသည့်အနက် မြို့ပေါ်ရှိကျောင်းခြောက်ကျောင်းမှ ကျောင်းသားများ အားလုံးကို စုပေါင်းကာ အထက (၂) တွင် စုပေါင်းသင်ကြားပေးလျက် ရှိသကဲ့သို့ ကယ်ဆယ်ရေးစခန်းများတွင် လာရောက်သူများကို သီးသန့်ကျောင်းတစ်ကျောင်း ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ် ကြောင်း၊ ဘူးသီးတောင်မြို့နယ်အတွင်း တိုင်းရင်းသားများ သီးသန့်တက်ရောက်သင်ကြားသည့် ကျောင်း ၁၀၀ ခန့်ရှိသော်လည်း လက်ရှိတွင် ဖွင့်လှစ်သင်ကြားနိုင်ခြင်း မရှိသေးကြောင်း၊ ထိုသို့မဖွင့်လှစ်နိုင်ခြင်းမှာလည်း စားသောက်ရေးနှင့် လုံခြုံရေးကိစ္စများကို လုပ်ဆောင်နေရသည့်အတွက်ဖြစ်၍ အချို့ကျေးရွာများတွင် ကျောင်းသားများ မရှိတော့သည့်အတွက် သင်ကြားရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

“အခြေအနေက ဘယ်လိုဖြစ်လာမယ် မသိသေးတော့ တိုင်းရင်းသား သီးသန့်တက်ရောက် သင်ကြားနေတဲ့ ကျောင်းတွေကိုတော့  သီတင်းကျွတ်လပြည့်လွန်လောက်မှ အခြေအနေကြည့်ပြီး ဖွင့်လှစ်ဖို့စီစဉ်နေကြတယ်။ အဲဒီမှာ ဘင်္ဂါလီတွေနဲ့ရောပြီး သင်တဲ့ကျောင်း သားတွေကိုလည်း တိုင်းရင်းသားသီးသန့် ကျောင်းကို ပြောင်းပြီးသင်ပေးမယ်။ အဓိကကတော့ လုံခြုံရေးပေါ့။ ကျောင်း ၁၀၁ ကျောင်းက ဆရာ၊ ဆရာမတွေကို နီးစပ်ရာ တိုင်းရင်းသားတွေ သီးသန့်သင်တဲ့ကျောင်းမှာ တွဲပေးထားမယ်။ နောက်ပြီး ရွာက မီးလောင်ရာ ပါသွားပေမယ့် ကျောင်းတွေကျန်ခဲ့တယ်။ အဲဒီကျောင်းတွေမှာတာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေကိုလည်း နီးစပ်ရာကျောင်းကို ပြောင်းပြီး တာဝန်ထမ်းဆောင်စေမှာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလိုပြောင်းလိုက်ရင် စားသောက်ရေး၊ နေထိုင်ရေးနဲ့ သွားလာရေးအတွက် လုံခြုံရေးတွေကိုလည်း ထည့်တွက်စဉ်းစားရမှာဖြစ်တယ်”ဟု မြို့နယ်ပညာရေးမှူးက ပြောကြားသည်။

သို့သော်လည်း ကျောင်းပြောင်းပြီး တာဝန်ထမ်းဆောင်သော ဆရာ၊ ဆရာမများအတွက် နေထိုင်ရေးနှင့် စားသောက်ရေးအတွက် လိုအပ်ချက်များရှိနေကြောင်း၊ သွားလာရေးလုပ်ဆောင်စဉ် လုံခြုံရေးအတွက် အခက်အခဲများကို တင်ပြထားဆဲဖြစ်ကြောင်း၊ ကျေးရွာသားများမှ နေရာထိုင်ခင်းပေးရန် လည်းလိုအပ်နေကြောင်း၊ မြို့ပြင်ကျောင်းများသို့ မြို့မှ သွားရောက်ကျောင်းတက်မည့် ဆရာ၊ ဆရာမများအတွက်လည်း လုံခြုံရေး လိုအပ်ချက်များရှိနေကြောင်း၊ ယင်းအတွက် ကျောင်းကြိုပိုကားများ လိုအပ်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment