ဧရာဝတီတိုင်းဒေသကြီးအစိုးရ ခွင့်ပြုငွေ ဘက်ဂျက် ကျပ်သိန်း ၂၅၀၀ ကျပ်ဖြင့် ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက် ဘောလုံးကွင်းရှေ့ အလျား ၁၅၅ပေ အနံ ၉၀ ပေ(က)အဆင့်အားကစားရုံးအား ၇ လအတွင်းအပြီးတည်ဆောက်မည်ဟု Global Ohmar Co,Ltd မှ တာဝန်ခံအင်ဂျီနီယာ ဦးတင်အောင် ကတိုင်းဧရာသို့ပြောသည်။
"မိုးတွင်းဘက်ကျတော့ ရေနဲ့မိုးနဲ့ မိုးကလည်းရွာတော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့"ဟု တာဝန်ခံအင်ဂျီနီယာ ဦးတင်အောင် က ပြောသည်။
ယင်းအားကစားခန်းမတွင် ကြက်တောင် ဘော်လီဘော အလေးမ ဂျူဒို နှင့် တခြား သိုင်းအားကစားနည်းများ ပိုက်ကျော်ခြင်း ဘက်စကတ်ဘော (indoor)အမိုးအကားအောက်တွင် ကစားလို့ရသည့်အားကနည်းမှန်သမျ ပါဝင်မည်ဟု ကျုံပျော်မြို့နယ် အားကစားမှူး စိုင်းဝေလင်းနောင် ကပြောသည်။
ယင်းအားကစားခန်းမ အပါ အဝင် ဧရာဝတီတိုင်းဒေသကြီးတွင် မိုးလုံလေလုံ အားကစားခန်းမ စုစုပေါင်း ၂၄ ရုံရှိသည်ဟု ၎င်းကပြောသည်။
ယခုလ ၂၀ ရက်နေ့မှစတင်တည်ဆောက်ခဲ့ပြီး လာမည့်နှစ်မတ်လ အထိ ၇ လကြာမြင့်မည်ဖြစ်သည်။
No comments:
Post a Comment