Latest News

Friday, September 1, 2017

မိုင်းယု(၁ဝ၅)မိုင်ကျေးရွာ ထင်းရှူးစိုက်ခင်းအနီး၌ 4802 Bစာတန်းပါ မိုင်းဟောင်းတစ်လုံးတွေ့ရှိ

မိုင်းယု(၁ဝ၅)မိုင်ကျေးရွာ ထင်းရှူးစိုက်ခင်းအနီး၌ 4802 Bစာတန်းပါ မိုင်းဟောင်းတစ်လုံးတွေ့ရှိ

မူဆယ် စက်တင်ဘာ ၁

မူဆယ်မြို့နယ် မိုင်းယု(၁ဝ၅)မိုင်ကျေးရွာနှင့် လေးမိုင်ခန့်ကွာဝေးသော သစ်တော အမှတ် (၂/၂ဝဝဝ)ထင်းရှူးစိုက်ခင်းအနီး မိုင်တိုင်အမှတ်(၂၇၃/ဝ) ပြည်ထောင်စု လမ်းမကြီးဘေးတွင် စက်တင်ဘာ ၁ ရက်ကOriental Highway Company မှ လမ်းအလုပ်သမားများသည် လမ်းမကြီးဘေးရှိ ရေမြောင်းများ တူးဖော်ခြင်းနှင့် ချုံများ ခုတ်ထွင်ရှင်းလင်းနေစဉ် ချုံအတွင်း၌ တရုတ်နိုင်ငံထုတ် 4802 Bစာတန်းပါ ရှေ့ထွက်မိုင်းဟု ယူဆရသော မိုင်းဟောင်းတစ်လုံးကို တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဆက်လက်အကြောင်းကြားခဲ့ရာ နယ်မြေခံတပ်မှ တာဝန်ရှိသူ များ၊ (၁ဝ၅)မိုင် ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မူဆယ်ခရိုင် မူဆယ်မြို့ရှိ သတင်းရဲတပ်ဖွဲ့ဝင် များ၊ သစ်တောအဖွဲ့များ၊ ရပ်မိရပ်ဖများ အခင်းဖြစ်ပွားရာနေရာသို့ အချိန်မီရောက်ရှိ လာခဲ့သည်။

ထိုနောက် ချုံအတွင်း ထောင်ထားသော တရုတ်လုပ် 4802 Bစာတန်းပါ ရှေ့ထွက်မိုင်းဟုယူဆရသော မိုင်းဟောင်းကို စစ်ကြောင်းအဖွဲ့မှ သက်မဲ့ပြုလုပ်ခဲ့ပြီး ညနေ ၆ နာရီက အဆိုပါ မိုင်းဟောင်းအား အောင်မြင်စွာဖယ်ရှားရှင်းလင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

သန့်ဇင်(မူဆယ်)

Ref : MOI Webportal Myanmar

No comments:

Post a Comment