Latest News

Thursday, August 31, 2017

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၅ ကျပ်ဝန်းကျင်တွင် ဆက်ရှိနေ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၅ ကျပ်ဝန်းကျင်တွင် ဆက်ရှိနေ

သြဂုတ် ၃၀ နှင့် ၃၁ ရက်တို့တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း အနည်းငယ် ပြန်တက်နေပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၅ ကျပ်ဝန်းကျင်၌ ဆက်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် သြဂုတ် ၂၉ ရက်တွင် ၉၁ ဒသမ ၅၉ ပွိုင့်အထိ ကျဆင်းခဲ့ပြီး သြဂုတ် ၃၀ ရက်မှ စတင်ကာ ၉၂ ပွိုင့်အထက်သို့ ပြန်တက်ခဲ့သည်။

ဒေါ်လာဈေးသည် ဇူလိုင်လကုန်ပိုင်းတွင် ၁၃၅၇ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၁ ရက်တွင် ၁၃၅၆ ကျပ်အထိ ကျဆင်းခဲ့ပြီးနောက် သြဂုတ် ၂ ရက်မှ ၁၀ ရက်အထိ ၁၃၅၇-၁၃၅၈ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ရာ သြဂုတ် ၁၁ ရက်တွင် ၁၃၅၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း အနည်းငယ် ပြန်တက်လာမှုနှင့်အတူ သြဂုတ် ၁၅ ရက်တွင် ၁၃၅၆ ကျပ်၊ သြဂုတ် ၁၆ ရက်တွင် ၁၃၅၈ ကျပ်အထိ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် ၁၃၅၇ ကျပ်၊ သြဂုတ် ၁၈ ရက်တွင် ၁၃၅၅ ကျပ်၊ သြဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် ၁၃၅၄ ကျပ်အထိ ကျဆင်းခဲ့သည်။ သြဂုတ် ၂၄ ရက်တွင် ၁၃၅၇ ကျပ်အထိ မြင့်တက်ခဲ့သော်လည်း သြဂုတ် ၂၇ ရက်တွင် ၁၃၅၄ ကျပ်၊ သြဂုတ် ၂၉ ရက်တွင် ၁၃၅၃ ကျပ်သို့ ပြန်ကျခဲ့ပြီး သြဂုတ် ၃၀ ရက်တွင် ၁၃၅၅ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း ကျဆင်းလာသောကြောင့် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို သြဂုတ် ၃၁ ရက်၌ တစ်ဒေါ်လာ ကျပ် ၁၃၆၀ အဖြစ် သတ်မှတ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment