Latest News

Thursday, August 31, 2017

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၀၀ အထက် ဆက်ရှိနေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၃၂၀၀ အထိ ပြန်လည်ကျဆင်း

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၀၀ အထက် ဆက်ရှိနေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၃၂၀၀ အထိ ပြန်လည်ကျဆင်း

သြဂုတ် ၃၁ ရက်တွင် ကမ္ဘာ့ရွှေဈေး ကျရိပ်ပြလာသော်လည်း ဒေါ်လာ ၁၃၀၀ အထက်၌ ဆက်ရှိနေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၃၂၀၀ အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ သြဂုတ်လအတွင်း စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ် ၁၁ ရက်တွင် ကျပ် ၉၁၄၂၀၀၊ သြဂုတ် ၁၂ ရက်တွင် ၉၁၅၄၀၀၊ သြဂုတ် ၁၇ ရက်တွင် ၉၁၆၆၀၀၊ သြဂုတ် ၁၈ ရက်တွင် ၉၁၉၈၀၀၊ သြဂုတ် ၂၃ ရက်တွင် ၉၂၁၉၀၀၊ သြဂုတ် ၂၄ ရက်တွင် ၉၁၃၃၀၀၊ သြဂုတ် ၂၆ ရက်တွင် ၉၂၄၃၀၀၊ သြဂုတ် ၂၇ ရက်တွင် ၉၂၄၄၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၂၉၅၀၀၊ သြဂုတ် ၂၉ ရက်တွင် ၉၄၅၈၀၀ အထိဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၃၀ ရက်တွင် ၉၄၀၀၀၀၊ သြဂုတ် ၃၁ ရက်တွင် ၉၃၃၂၀၀ ၀န်းကျင်အထိ ပြန်ကျခဲ့သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၆ ခုနှစ် အောက်တိုဘာနောက်ပိုင်း သြဂုတ် ၂၈ ရက်တွင် ပထမဦးဆုံးအကြိမ် ဒေါ်လာ ၁၃၀၀ ကို ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ် ၂ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် ၁၂၇၁ သို့ရောက်ခဲ့ပြီး သြဂုတ် ၄၊ ၇ ရက်တွင် ၁၂၅၈ ၀န်းကျင်အထိ ပြန်ကျခဲ့သည်။ သြဂုတ် ၈ ရက်တွင် ဒေါ်လာ ၁၂၆၀ ၀န်းကျင်သို့ ပြန်တက်ခဲ့ပြီး ယင်းနောက်ပိုင်း သြဂုတ် ၉ ရက်တွင် ၁၂၆၈၊ သြဂုတ် ၁၀ ရက်တွင် ၁၂၇၉၊ သြဂုတ် ၁၁ ရက်တွင် ၁၂၈၉ အထိဆက်တိုက် မြင့်တက်ခဲ့သည်။ ထို့နောက် သြဂုတ် ၁၄ ရက်တွင် ၁၂၈၁၊ သြဂုတ် ၁၅ ရက်တွင် ၁၂၇၄၊ သြဂုတ် ၁၆ ရက်တွင် ၁၂၆၉ ၀န်းကျင်သို့ ပြန်လည်ကျဆင်းပြီး သြဂုတ် ၁၇ ရက်တွင် ၁၂၈၈၊ သြဂုတ် ၁၈ ရက်တွင် ၁၂၉၈ အထိ ခုန်တက်ခဲ့သည်။ သြဂုတ် ၂၁ ရက်တွင် ၁၂၉၀၊ သြဂုတ် ၂၂ ရက်တွင် ၁၂၈၅၊ သြဂုတ် ၂၃ ရက်တွင် ၁၂၈၇ အထိ ပြန်ကျခဲ့ပြီး သြဂုတ် ၂၄ ရက်တွင် ၁၂၉၁၊ သြဂုတ် ၂၅ ရက်တွင် ၁၂၉၂၊ သြဂုတ် ၂၉ ရက်တွင် ၁၃၂၅ ဒေါ်လာဝန်းကျင်အထိ ရောက်ရှိခဲ့ကာ သြဂုတ် ၃၁ ရက်တွင် ၁၃၀၃ ဒေါ်လာအထိ ပြန်ကျခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ၁၃၀၇ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment