Latest News

Tuesday, August 1, 2017

သာသနာရေးအဖွဲ့ ၆ဖွဲ့ ဖျက်သိမ်းရမည် ဆိုသည်မှာ မဟုတ်ဟုဆို

သာသနာရေးအဖွဲ့ ၆ဖွဲ့ ဖျက်သိမ်းရမည် ဆိုသည်မှာ မဟုတ်ဟုဆို

လူမှုကွန်ရက်အင်တာနက် Facebook စာမျက်နှာများတွင်ဖော်ပြထားသည့် သာသနာရေးနှင့် သက်ဆိုင်သည့်အဖွဲ့ ၆ဖွဲ့ဖျက်သိမ်းရမည်ဆိုသည့်သတင်း မှာမဟုတ် မှန်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ သြဂုတ် ၁ရက်တွင် ထုတ်ပြန်လိုက်သည်။

“သာသနာရေးဝန်ကြီး၏ ကြေညာချက်အရ သီတဂူသာသနာပြုအဖွဲ့၊ မဇ္ဈိမဝံသ ရဟန်းတော်များအဖွဲ့၊ ဓမ္မစကူးလ် ဖောင်ဒေးရှင်း၊ ဓမ္မပါလ ဖောင်ဒေးရှင်း၊ တိပိဋက နိကာယ သာသနာပြုအဖွဲ့၊ ဓမ္မဒူတ မောင်မယ်အဖွဲ့တို့အား ဖျက်သိမ်းရမည်”ဟု ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသောကြောင့် ယခုလိုမဟုတ်မှန်ကြောင်း ထုတ်ပြန်ကြေငြာရခြင်းဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၅-၇-၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက် သည် လူမှုကွန်ရက်အင်တာနက် Facebook စာမျက်နှာများတွင် ဖော်ပြထားသော အဆိုပါဘာသာရေးဆိုင်ရာ အဖွဲ့များနှင့် သက်ဆိုင်မှုမရှိကြောင်း သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

သို့သော် ၎င်းအဖွဲ့အစည်း များသည် သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများတွင် နိုင်ငံရေး အဖွဲ့အစည်းများနှင့် ရောထွေးမှုမရှိစေရန် လည်းဖော်ပြထားသည်။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့သည် ဖွဲ့စည်းခွင့်တောင်းခံလာသည့် ဘာသာရေးဆိုင်ရာ သံဃာ့ အဖွဲ့အစည်းများကို သံဃာနာယက အဖွဲ့အစည်းအဆင့်ဆင့်၏ ကြီးကြပ်မှုကို ခံယူစေပြီး ခွင့်ပြုနိုင်ကြောင်း သိရသည်။

အဆိုပါပြဋ္ဌာန်းချက်အရ ဘာသာရေးဆိုင်ရာ သံဃာ့အဖွဲ့အစည်းများသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုကို ခံယူပြီး နိုင်ငံရေးမဖက် သာသနာရေးကိစ္စသက်သက်ကိုသာ ဆောင်ရွက်ပါက အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခွင့်ရှိသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

Mizzima

No comments:

Post a Comment