Latest News

Tuesday, August 29, 2017

မောင်တောမြို့ပေါ် သာသနာ့ဗိမ္ဗာန်ကို ဟိန္ဒူလူမျိုး ခြောက်ရာခန့်ပြောင်းရွှေ့

မောင်တောမြို့ပေါ် သာသနာ့ဗိမ္ဗာန်ကို ဟိန္ဒူလူမျိုး ခြောက်ရာခန့်ပြောင်းရွှေ့

မောင်တော မြို့ပေါ်ရပ်ကွက်(၁)မှာ ရှိတဲ့ သာသနာ့ဗိမ္ဗာန်မှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေး စခန်းကို မောင်တောမြို့ပေါ်မှာနေထိုင်တဲ့ ဟိန္ဒူလူမျိုးခြောက်ရာခန့် သည့်ကနေမှာ ပြောင်းရွှေ့လာကြတယ်လို့ သိရပါတယ်။ အဲ့သည့် ဗိမ္ဗာန်မှာ အခု ရောက်ရှိလာတဲ့ ဟိန္ဒူလူမျိုးတွေအပြင် သြဂုတ်လ ၂၅ရက်နေ့ကတည်းက ရောက်ရှိနေတဲ့မောင်တောမြို့ရဲ့ရွာ၆ရွာ က ဒေသခံ တိုင်းရင်းသားစုစုပေါင်း ငါးရာကျော်ရှိတယ်လို့ မောင်တောမြို့အရေးပေါ်ထောက်ပံ့ကူညီရေးအသင်း က ပြန်ကြားရေးတာဝန်ခံ ဦးမောင်ဝင်းသိန်းက ပြောပါတယ်။

“သာသနာ့ဗိမ္ဗာန်မှာ က အပေါ်ထပ် အောက်ထပ် ဒေသခံတိုင်းရင်းသားတွေနဲ့ ပြည့်နေတယ်။ အခုပြောင်းလာတဲ့ ဟိန္ဒူ လူမျိုးတွေကို သာသနာ့ဗိမာန်အနီးမှာရှိတဲ့ စာသင်ကျောင်းမှာ ခွဲထားရတယ်။”လို့ ဦးမောင်ဝင်းသိန်းက ပြောပါတယ်။ လက်ရှိမှာ အမျိုးသမီး၊ကလေးငယ်နဲ့ သက်ကြီးရွယ်အို တွေမှာ ကယ်ဆယ်ရေးစခန်းအတွင်းနေထိုင်နေရပြီး အမျိုးသားတွေကတော့ လမ်းစုံလမ်းခွတွေမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေနဲ့ အတူ ကင်းချပြီး နေထိုင်နေရတယ်လို့ ဦးမောင်ဝင်းသိန်းကပြောပါတယ်။

သာသနာ့ဗိမ္ဗာန်ကယ်ဆယ်ရေးစခန်းကို ရောက်ရှိလာတဲ့ ဒေသခံတွေမှာ မောင်တောမြို့နယ် ၀ိမလကျေးရွာ၊မြို့ဦးရွာ၊အောင်ဗလကျေးရွာ၊စံပြကျေးရွာ၊ဗိုလ်မှူးကျေးရွာ၊ညောင်ပင်လှကျေးရွာ တွေက ဖြစ်ပါတယ်။ အကြမ်းဖက်တွေရဲ့ ရန်ကို စိုးရိမ်တဲ့ အတွက် ကျေးရွာတွေမှာ မနေရဲတဲ့ အတွက် လုံခြုံရေးရှိတဲ့ မောင်တောမြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်တာ ဖြစ်တယ်လို့ အောင်ဗလ ကျေးရွာ မှ ပြောင်းရွှေ့လာတဲ့ ဒေသခံ တစ်ဦးဖြစ်တဲ့ ဒေါ်အေးနုက ပြောပါတယ်။ “အကြမ်းဖက် သမားတွေ ကနီးစပ်တဲ့ စခန်းတွေတော်တော်များများကို ၀င်စီးလိုက်တယ်။ကျွန်မတို့ လူမျိုးစုတွေကို ဒီလိုလုပ်မှာစိုးလို့ ဗိမ္ဗာန်ပြောင်းရွှေ့ရတာဖြစ်တယ်။မနေ့က ၉နာရီက ပြောင်းရွှေ့လာတာဖြစ်တယ်။နိုင်ငံတော် အစိုးရ အနေနဲ့ အခုဖြစ်နေတဲ့ မောင်တောအခြေအနေကို ဘယ်လိုလုပ်ဆောင်ပေးမှာ လဲဆိုတာလည်း သိချင်တယ်။”လို့ ဒေါ်အေးနုကပြောပါတယ်။

အစိုးရဘက်က လုံခြုံရေးကို ပိုမိုချပေးဖို့ လိုအပ်ပြီး လက်ရှိမှာ အောင်ဗလရွာမှ ပြောင်းရွှေ့လာတဲ့ ရွာသား ၃၀၀ကျော် ရှိတယ်လို့လည်း သိရပါတယ်။ မောင်တောမြို့အလိုတော်ပြည့်ကျောင်းမှာ ထွက်ပြေးတိမ်းရှောင်လာတဲ့ဒေသခံစုစုပေါင်း ၃၄၃ဦး၊လေးမိုင်ရဲတပ်ရင်း(၂)မှာ ခန့်မှန်းလူဦးရေ ၃၅၀၀၊မောဂ၀တီရဲတပ်ရင်း(၄)မှာ လူဦးရေ ၁၀၀၀ခန့် ပြောင်းရွှေ့နေထိုင်ရတယ်လို့သိရပါတယ်။

 မို့မို့သန္တာ(Kumudra)

No comments:

Post a Comment