Latest News

Tuesday, August 29, 2017

နယ်စပ်တံတိုင်း အသုံးစရိတ်ချပေးရန် နည်းလမ်းရှာရမည်ဟု ဒေါ်နယ်ထရန့် ပြောကြား

နယ်စပ်တံတိုင်း အသုံးစရိတ်ချပေးရန် နည်းလမ်းရှာရမည်ဟု
ဒေါ်နယ်ထရန့် ပြောကြား

မက္ကဆီကိုနိုင်ငံကိုအကြမ်းဖက်ရာဇဝတ်မှု ထူပြော ရာနယ်မြေအဖြစ် တံဆိပ်ကပ် လျက် အမေရိကန်သမ္မတ ဒေါ် နယ်ထရန့်က အမေရိကန် ကွန်ဂရက်အနေဖြင့် နယ်စပ်တံတိုင်း တည်ဆောက်ရေး အသုံးစရိတ်ချပေးရန် နည်းလမ်းတစ်ခု ရှာဖွေရမည်ဖြစ်ကြောင်း ထပ်မံအလေးထားပြောကြားသည်။

ကုန်သွယ်ရေး ဆွေးနွေးညှိ နှိုင်းမှုများတွင် ခက်ခဲအောင် ဆက်လက်လုပ်ဆောင်နေပါက မြောက် အမေရိကန် လွတ်လပ်စွာ ကုန် သွယ်ရေး သဘောတူညီချက် (NAFTA)  ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုများကို ၎င်းအနေဖြင့် ရပ်တန့်ရမည်ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က မက္ကဆီကိုနှင့် ကနေ ဒါနိုင်ငံကို သတိပေးခဲ့သည်။

‘‘ကမ္ဘာမှာ ရာဇဝတ်မှုအထူ ပြောဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့ မက္ကဆီကိုနဲ့ ကျွန်တော်တို့မှာ နယ် စပ်တံတိုင်းရှိကို ရှိရပါမယ်။ ဒီအ တွက် မက္ကဆီကိုဘက်က တခြား တစ်နည်းနည်းနဲ့ ကုန်ကျစရိတ် ပြန်ပေးရပါလိမ့်မယ်’’ဟု ထရန့်က တွစ်တာ၌ ရေးသားခဲ့သည်။

နယ်စပ်တံတိုင်းနှင့် ကုန် သွယ်ရေး သဘောတူညီချက် သည် ရွေးကောက်ပွဲတွင် ထရန့်၏ အဓိက မဲဆွယ်မက်လုံးများ ဖြစ်ခဲ့ပြီး ယင်းကိစ္စနှစ်ခုနှင့် ပတ်သက်၍ ထရန့်၏ ရပ်တည်ချက်များကို လူသိများသည်။

သို့သော် ယခုအခါ ယင်းကိစ္စများမှာ ပကတိနိုင်ငံရေးအရှိတရားကို ချိုးဖောက်နေဖွယ်ရှိ သည်။

ရီပက်ဘလေကန် အများစု က အခွန်အကောက်များ လျှော့ချ ရန်နှင့် အကုန်အကျများသော အခြေခံအဆောက်အအုံဆိုင်ရာ ဥပဒေပြဋ္ဌာန်းရန် အလိုရှိနေသော်လည်း နယ်စပ်တံတိုင်း တည် ဆောက်ရေး ၎င်းတို့အနေဖြင့် ရန်ပုံငွေမထောက်ပံ့လျှင် အစိုးရယန္တ ရားရပ်တန့်စေလိမ့်မည်ဟု ထရန့် က ခြိမ်းခြောက်ထားသည်။

 တံတိုင်းတည်ဆောက်ရန် ကုန်ကျစရိတ်ကို အမေရိကန်က ကျခံပေးထားရန် ထရန့်က လက်ခံပြီးနောက်ပိုင်း တစ်နည်းနည်းဖြင့် ကုန်ကျစရိတ် ပြန်လည်ပေး ရန် မက္ကဆီကိုအား တွန်းအားပေး မည်ဟုဆိုသည်။

သို့သော် အစိုးရအသုံးစရိတ် ထဲတွင် တံတိုင်းအတွက် ကုန်ကျ စရိတ်ထည့်သွင်းခြင်းအပေါ် ဒီမိုကရက်များက ဆန့်ကျင်နေပြီး ရီပက်ဘလေကန် ခေါင်းဆောင် များအနေဖြင့် ယင်းဥပဒေကိုပြဋ္ဌာန်းရန် ရုန်းကန်ရမည်ဖြစ်သည်။        

7Day News

No comments:

Post a Comment