![]() |
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် အလုပ်အမှုဆောင် လုပ်ငန်းတာဝန်တွေအတွက် ယာယီစည်းရုံးရေးကော်မတီ ကို သြဂုတ်လ ၁၉ ရက်နေ့က ဖွဲ့စည်းစဉ်။ Photo: Kyaw Lwin Oo/RFA |
ချောင်းဆုံမြို့နယ် NLD ယာယီစည်းရုံးရေးကော်မတီကို ပါတီဗဟိုရဲ့ လမ်းညွှန်ချက်နဲ့ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာခင်ဆောင်က ပြောပါတယ်။
ယာယီစည်းရုံးရေးကော်မတီ ရွေးချယ်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ ၊ ပြည်နယ်ပါတီဥက္ကဌ ဒေါက်တာခင်ဆောင် စတဲ့ ပါတီက ခေါင်းဆောင်တွေနဲ့ မြို့နယ် NLD ပါတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။
ယာယီဖွဲ့စည်းလိုက်တဲ့ စည်းရုံးရေးကော်မတီမှာ အရင်မြို့နယ်အလုပ်အမှုဆောင် ၄၀ ရာခိုင်နှုန်းကျော်ပါဝင်တဲ့ ၁၅ ဦးကော်မတီကို ဖွဲ့စည်းခဲ့ပြီး အဲဒီကော်မတီဟာ ညီလာခံကနေ မြို့နယ်အလုပ်အမှုဆောင်တွေကို မရွေးချယ်ခင် အထိ ပါတီတာဝန်တွေ ထမ်းဆောင်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်တာ ကို မကျေနပ်တာကြောင့် ဆန္ဒပြတာတွေ၊ ပါတီအောင်နိုင်ရေး ဆောင်ရွက်ဖို့ အားနည်းခဲ့တယ်ဆိုပြီး ချောင်းဆုံ မြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့က ၂၁ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းထားတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment