Latest News
Friday, August 4, 2017
ရဲဝန်ထမ်းများ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ ဝင်များ နှင့်လ၀က၀န်ထမ်းများလာဘ်စားမှုရှိမရှိ စုံစမ်းနေ
ရဲဝန်ထမ်းများ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ ဝင်များ နှင့်လ၀က၀န်ထမ်းများလာဘ်စားမှုရှိမရှိ စုံစမ်းနေ
ဧရာဝတီတိုင်းဒေသကြီးအတွင်းက စုပေါင်းဂိတ် သစ်တောဂိတ် ရဲဂိတ်များက ရဲဝန်ထမ်းများ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ များ လ၀က၀န်ထမ်းများလာဘ်စားမှုရှိမရှိ ကို စုံစမ်းနေကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က သြဂုတ်လ (၄)ရက်နေ့ ကလွတ်တော်တွင်ပြောသည်။
ဦးမျိုးညွန် ရေကြည်မဲဆန္ဒနယ် (၁)လွတ်တော်ကိုယ်စားလှယ်၏ “တိုင်းဒေသကြီးအတွင်းမြို့ နယ်များတွင်လုံခြုံရေး တရားဥပဒေစိုးမိုးရေးအတွက် ထားရှိသော စုပေါင်းဂိတ် သစ်တောဂိတ် ရဲဂိတ်များကို စနစ်တကျ တိတိကျကျဖော်ဆောင်နိုင်ရေး ထိမ်းကျောင်းတည့် မတ်ပေးရေး”နှင့်စပ်လျဉ်းသည့်မေးခွန်းနဲ့ပတ်သတ်ပြီးအထက်ပါအတိုင်းပြောကြားခဲ့ တာပါ။
 “လုပ်ပိုင်ခွင့်များကို အခွင့်ကောင်းယူပြီး  မိမိတို့ ကိုယ်ကျိုးစီးပွါးရေးအတွက် လာဘ်ပေးလာဘ်ယူဆောင်ရွက်နေခြင်းများ ရှိမရှိကို  စုံစမ်းစစ်ဆေးနေပါကြောင်း နဲ့ အထက်ဌာနများမှ ညွန်ကြားချက်များကို အချိန်နဲ့ တစ်ပြေးညီဆောင်ရွက်လျှက်ရှိပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ် “ဟု  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြောသည်။
မေးခွန်းမေးမြန်းခဲ့ သည် တိုင်းဒေသာကြီးလွတ်တော် ကိုယ်စားလှယ်က “တရားဥပဒေစိုးမိုးရေးအတွက် ဂိတ်များ ကိုစနစ်တကျကြတ်မတ်ဖို့ လိုအပ်နေပါတယ် ပြည်သူများအမြင်မှာတော့ ဥပဒေမဲ့  လုပ်ငန်းရှင်များရဲ့  ခွင့်ပြုချက်ယူ ဖြတ်သန်းခွင့်ရဖို့ အတွက် သာဖြစ်နေတယ်လို့ ပြောဆိုနေကြပါတယ် အဲ့ လို အမြင်စောင်းအောင်လည်း လက်တွေ့ သာဓကတွေက  အငြင်းပွါးဖွယ်မရှိအောင် အထောက်အထားခိုင်လုံစွာနဲ့  မျက်ဝါးထင်ထင်တွေ့ မြင်နေကြရပါတယ် “ဟု လွတ်တော်တွင်ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း နယ်မြေအတွင်း လုံခြုံရေးနင့်တရားဥပဒေစိုးမိုးရေး အတွက်ထားရှိတဲ့  စုပေါင်းဂိတ် သစ်တော ဂီတ် ရဲဂီတ်များမှ တပ်ဖွဲ့ ဝင်များအနေနဲ့  မိမိတို့ ဌာနက ပြဌန်းထားတဲ့  ဥပဒေ တည်မြဲအမိန့် နဲ့  ညွန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်စေရေးမြို့ နယ် ခရီုင် တာဝန်ရှိသူများကကြတ်မတ်ဆောင်ရွက်လျက်ရှိကြောင်းလည်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလွတ်တော်တွင် ထည့် သွင်းပြောဆိုခဲ့ သည်။
တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း  ၀င်ရောက်လာနိုင်သော ကုန်လမ်းဝင်ပေါက် ခြောက်နေရာတွင် အဆိုပါ စုပေါင်းဂိတ် သစ်တော ဂီတ် ရဲဂိတ်များကို တာဝန်ကျ ၀န်ထမ်းများနှင့် အတူ ပူးပေါင်းစစ်ဆေးရေးဂိတ်များ ထာရှိ ဆောင်ရွက်နေခြင်းဖြစ်သည်။
Writer      .Myo   Min  Paing
Photo    .Myo   Min  Paing
No comments:
Post a Comment