Saturday, August 26, 2017
အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် မောင်တောတွင် ဟိန္ဒူလူမျိုး တစ်ဦး သေဆုံး
နိရဉ္စရာ၊ သြဂုတ် ၂၆
သြဂုတ်လ ၂၆ ရက် နေ့လယ် ၁ နာ ရီ ခွဲတွင် မြို့မကညင်တန်း ရှိ မော်တော်ပီကေ ရုံးရှေ့ ဘင်္ဂလီအိမ် တစ်အိမ်မှ ပုန်းခိုနေသော အကြမ်းဖက်သမားများ၏ချောင်းမြောင်း ပစ်ခတ်မူကြောင့် လမ်းသွားနေသူ ဟိန္ဒူအမျိုးသားတစ်ဦး ကျည်ဆံထိမှန်သေဆုံးသွားခဲ့သည်ဟု မောင်တောမြို့ရဲစခန်းမှ အတည်ပြု ပြောကြားသည်။
သေဆုံးသူ ဟိန္ဒူအမျိုးသားမှာ ဒိန်လာ (၂၅) နှစ် (ဘ) မောင်နှုမျာ ဖြစ်ပြီး လည်ပင်းတွင် ကျည်ဆံ ထိမှန်သေဆုံးသွားခဲ့ကြောင့် ရဲက အတည်ပြု ပြောကြားသည်။
၎င်းသေဆုံးသွားခဲ့ရသဖြင့် ရပ်ကွက် (၄)ရှိ ဟိန္ဒူရွာသားများမှာ မနေထိုင်ဝံ့တောဘဲ ယခုအခါ မြို့တွင်းသို့ ၀င်ရောက်ခိုလုံလာကြသည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခုအခါ သူတို့အား အမှတ်(၃)ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် နေရာ ချပေးထားသည်ဟု သိရသည်။
သေနတ်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများသည် သြဂုတ်လ ၂၃ ရက် နေ့ကလည်း ၎င်းနေအိမ်မှနေ၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် မော်တော်ပီကေရုံးတို့ မိုင်းထောင်ထားခဲ့သည်ဟု သိရသည်။
အောင်ကျော်မင်း(မောင်တော)
Narinjara
https://www.facebook.com/Narinjara
အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် မောင်တောတွင် ဟိန္ဒူလူမျိုး တစ်ဦး သေဆုံး
Reviewed by timeayeyar
on
3:06 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment