YBS ၅၅ နှင့် ၃၇ တို့ တိုက်မိခဲ့ရာတွင် လက်ရှိအချိန်အထိ သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရသူ ၃၄ ဦးရှိကြောင်း မင်္ဂလာဒုံ ယာဉ်မှုစစ်ရုံးမှသိရ
ရန်ကုန်၊ ဇူလိုင် ၇
ယနေ့ မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့သော YBS ၅၅ နှင့် ၃၇ တို့ တိုက်မိခဲ့ရာတွင် လက်ရှိအချိန်အထိ သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရသူ ၃၄ ဦးရှိကြောင်း မင်္ဂလာဒုံ ယာဉ်မှုစစ်ရုံးမှ ရဲအုပ် ကျော်မှူးက Popular News သို့ပြောသည်။
"အခင်းဖြစ်ပွားရာနေရာမှာ ပွဲချင်းပြီးသေဆုံးတာကတော့ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၆ ဦးပါ။ အင်းစိန်ဆေးရုံကို ပို့ပြီး ကုသမှုခံယူသူတွေထဲက ၃ ဦးသေဆုံးပြီး၊ မြောက်ဥက္ကလာဆေးရုံမှာက ၆ ဦးသေဆုံးပါတယ်။ ဒါကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း ၁၅ ဦးရှိပါတယ်။ ဆေးရုံနှစ်ရုံကိုပို့ထားရတဲ့ ဒဏ်ရာရသူတွေက အင်းစိန်ဆေးရုံမှာ ၁၉ ဦးနဲ့ မြောက်ဥက္ကလာဆေးရုံမှာ ၁၅ ဦးရှိပါတယ်။ ဒီတော့ကာ ဒဏ်ရာရသူ စုစုပေါင်း ၃၄ ဦးရှိတယ်လို့ပြောနိုင်ပါတယ်"ဟု ရဲအုပ်ကျော်မှူးကပြောခြင်းဖြစ်သည်။
လောလောဆယ်အားဖြင့်မူ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တိုင်ကြားသူမရှိသေးကြောင်း ထောက်ကြံ့နယ်မြေရဲစခန်းမှ တာဝန်မှူးကပြောပါသည်။
"ယာဉ်မှုစစ်က ကျွန်တော်တို့ ထောက်ကြံ့ရဲစခန်းကို စွဲချက်တင်ပြီး တိုင်ကြားအမှုဖွင့်မှသာ ရဲစခန်းက ပ နံပါတ်တပ်ပြီး အရေးယူလို့ရမှာပါ။ လက်ရှိအချိန်အထိတော့ ယာဉ်မှုစစ်ကလဲ အမှုလာမဖွင့်သေးပါဘူး"ဟု တာဝန်မှူးကပြောခြင်းဖြစ်သည်။
YBS ၅၅ ယာဉ်လိုင်းမှ ဂိတ်မှူး ဦးကျော်ဦးကမူ "YBS က တာဝန်ရှိသူတွေတော့ ထောက်ကြံ့ရဲစခန်းကို လိုက်သွားကြတယ်လို့သိရပါတယ်။ ကျွန်တော်ကြားတာကတော့ ထောက်ကြံ့ရဲစခန်းက ဆင့်ခေါ်တယ်လို့ကြားတယ်"ဟုပြောပါသည်။
သီဟ
ဓာတ်ပုံ - - ဦးညီညီထွန်း facebook
Popular News Journal
Friday, July 7, 2017
YBS ၅၅ နှင့် ၃၇ တို့ တိုက်မိခဲ့ရာတွင် လက်ရှိအချိန်အထိ သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရသူ ၃၄ ဦးရှိကြောင်း မင်္ဂလာဒုံ ယာဉ်မှုစစ်ရုံးမှသိရ
YBS ၅၅ နှင့် ၃၇ တို့ တိုက်မိခဲ့ရာတွင် လက်ရှိအချိန်အထိ သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရသူ ၃၄ ဦးရှိကြောင်း မင်္ဂလာဒုံ ယာဉ်မှုစစ်ရုံးမှသိရ
Reviewed by Ar Ti
on
4:59 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment