Latest News

Friday, July 7, 2017

ထိုင်းကို အစိုးရချင်းချိတ်ဆက်ပြီး အလုပ်သမားလွှတ်ဖို့ သဘောတူ

ထိုင်းကို အစိုးရချင်းချိတ်ဆက်ပြီး အလုပ်သမားလွှတ်ဖို့ သဘောတူ

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားလုပ်သားစေလွှတ်မှုကို အစိုးရချင်းချိတ်ဆက်ပြီး ဆောင်ရွက်ဖို့ သဘောတူလိုက်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။

နေပြည်တော်က အလုပ်သမားဝန်ကြီးရုံးမှာ ထိုင်းအလုပ်သမားဝန်ကြီးနဲ့တွေ့ဆုံပွဲမှာ သဘောတူညီမှုရခဲ့တာလို့ ဦးသိန်းဆွေက တွေ့ဆုံပွဲအပြီး သတင်းထောက်တွေကို အခုလိုပြောပါတယ်။

လက်ရှိမှာ မြန်မာလုပ်သားတွေကို တောင်ကိုရီးယားနိုင်ငံနဲ့ အစိုးရချင်း ချိတ်ဆက်ပို့ဆောင်နေပြီး ဂျပန်နိုင်ငံနဲ့လည်း လုပ်ဆောင်ဖို့ စီစဉ်ဆွေးနွေးနေတယ်လို့လည်း ဦးသိန်းဆွေ က ပြောပါတယ်။

မြန်မာလုပ်သား ၃ သန်းကျော် အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင်က ပြဌာန်းလိုက်တဲ့ ရွှေ့ပြောင်းလုပ်သားဥပဒေသစ်ကြောင့် မြန်မာလုပ်သား လေးသောင်းသုံးထောင်ကျော် ပြန်လာကြပါတယ်။

Photo: Win Ko Ko Latt/RFA

No comments:

Post a Comment