Latest News

Friday, July 7, 2017

The Voice အမှု ၆ ကြိမ်မြောက် အာမခံ ပယ်ချခံရ

The Voice အမှု ၆ ကြိမ်မြောက် အာမခံ ပယ်ချခံရ

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံကို အချက်အလက်မပြည့်စုံလို့ဆိုပြီး ဗဟန်းမြို့နယ်တရားရုံးက ဒီကနေ့ ရုံးချိန်းမှာ ၆ ကြိမ်မြောက် ထပ်မံပယ်ချလိုက်ပါတယ်။

အာမခံလျှောက်ထားမှုနဲ့ ပယ်ချခံလိုက်ရတဲ့အခြေအနေကို ဦးကျော်မင်းဆွေရဲ့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့်က အခုလို ပြောပါတယ်။

ဒီကနေ့ ရုံးထုတ်ရာမှာ  တရားလိုဖြစ်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးလင်းထွန်းကို  မေးမြန်းစစ်ဆေးခဲ့ပြီး နောက်အပတ်မှာလည်း သူ့ကိုပဲ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာကို သတင်းဌာနရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

နောက်ထပ်ရုံးချိန်းကို လာမယ့် ဇူလိုင်လ ၁၄ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပြီး အဲဒီနေ့မှာလည်း ဦးကျော်မင်းဆွေဘက်က အာမခံထပ်မံလျှောက်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo: Thant Zin OO/RFA

No comments:

Post a Comment