Latest News

Thursday, July 6, 2017

မစ္စယန်ဟီးလီ မြန်မာနိုင်ငံလာမယ်

မစ္စယန်ဟီးလီ မြန်မာနိုင်ငံလာမယ်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ ဟာ မြန်မာနိုင်ငံကို ဆဋ္ဌမအကြိမ်မြောက် ခရီးစဉ်အဖြစ် ဇူလိုင်လ ၁၀ ရက်နေ့ကနေ ဇူလိုင်၂၁ ရက်နေ့အထိလာရောက်ဖို့ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးကသတင်းထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ်ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၇ ခုနှစ် မတ်လအတွင်းချမှတ်ခဲ့တဲ့ အချက် အလက် ရှာဖွေဖော်ထုတ်ရေးမစ်ရှင် (Fact-Finding Mission ) ရဲ့လုပ်ပိုင်ခွင့် တာဝန်နဲ့ပတ်သက်ခြင်း မရှိစေဖို့လိုအပ်တယ်လို့ မစ္စယန်ဟီးလီကိုအကြောင်းကြားခဲ့ရာ လူ့အခွင့်အရေးကောင်စီက သူမကို အပ်နှင်းထားတဲ့ လုပ်ငန်းဘောင်အတွင်းကနေ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ပြီး၊ တိုးတက်မှု အခြေနေကို အစီရင်ခံဖို့ကိုသာ အရင်ခရီးစဉ်တွေလို ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း မစ္စယန်ဟီးလီက ပြန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မစ္စယန်ဟီးလီဟာ ခရီးစဉ်အတွင်း သူမရဲ့ မူလလုပ်ငန်းတာဝန်ကိုသာ ဆောင်ရွက်မယ် ဆိုတဲ့ နားလည်မှုနဲ့ ခရီးစဉ်လာရောက်ရေးကိစ္စကိုလက်ခံထားပါတယ်။ ခရီးစဉ်အစီအစဉ် အသေးစိတ်ကို နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ တခြားသက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသ ကြီး အစိုးရတွေနဲ့ ညှိနှိုင်းဆောင်ရွက်လျှက်ရှိတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ Fact-Finding Mission အား ဖွဲ့စည်းစေလွှတ်ဖို့ ဆောင်ရွက် တာဟာ မြန်မာနိုင်ငံအတွက် လက်တွေ့အနေအထားနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် ရခိုင်ပြည်နယ်အတွင်း ကာလရှည်ကြာစွာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခြင်းမရှိတာကြောင့် မြန်မာနိုင်ငံအနေနဲ့ သဘောတူလက်ခံခြင်းမပြုဘူးလို့ တရားဝင်ကြေညာထားပြီးဖြစ်တယ်လို့သိရပါတယ်။

BBC

No comments:

Post a Comment