Latest News

Saturday, July 1, 2017

မန္တလေးမှာ KFC Myanmar ဆိုင်ဖွင့်မည်

မန္တလေးမှာ KFC Myanmar ဆိုင်ဖွင့်မည်

မန္တလေးမြို့မှာ KFC Myanmar ဆိုင်ကို ဇူလိုင် ၄ ရက် စတင်ဖွင့်လှစ်မှာပါ။ ၇၈ လမ်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြား ချမ်းအေးသာစံမြို့နယ်မှာ ဖွင့်လှစ်မှာဖြစ်ပြီး ဆိုင်ခန်းဟာ စားသုံးသူပေါင်း ၁၅၀ ကျော်ခန့်ဆံ့တဲ့ အကျယ်အဝန်းရှိတယ်လို့ သိရပါတယ်။

KFC Myanmar ရဲ့ အထူးဖန်တီးထားတဲ့ အစားအစာတွေဟာ Original Recipe, Extra Crispy, Kentucky Grilled Ch-icken နဲ့ Extra Crispy Strips Hot Wings, Go Cups, Fam-ous Bowls, Pot Pies, လတ်ဆတ် အောင်ပြုလုပ်ထားတဲ့ အသားညှပ်ပေါင်မုန့်၊ ဘီစကစ်အစားအစာတွေ ဖြစ်ပါတယ်။၂၀၁၅ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် မေလအထိ မြန်မာနိုင်ငံမှာ ဆိုင်ခွဲပေါင်း ၁၂ ဆိုင်ခန့် ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှာ KFC ဆိုင်ပေါင်း ၂၀,၅၀ဝ ကျော်ဖွင့်လှစ်ထားပါတယ်။

Kumudra

No comments:

Post a Comment